Professional Authors

လွမ်းမွေ့ပျော်ကြီး

လွမ်းမွေ့ပျော်ကြီး

ပန်းချီထူးနှင့်နွေဦးရေ
ဝါရွှေရွှေ ဟောဟိုတောဆီက
ကြွေလွင့်သူ ရွက်နှင်နှောပါလို့
မှုန်ပြာရီ လေနယ်ကြောမှာလ
မျောပျောက်တော့မလား ဖန်တီးရှင်။

မြိုင်ယံကြော
ဥသြကိုတမာန်စေလို့
လာချေပြီကြော်ငြာစောပြီးတော့မှ
ရောက်သောသည်ခါတွင်တော့
ကျီစယ်လွန် ဘယ်သဘောပါ့လိမ့်
လောကကို လွမ်းရုံတန်လို့
ခရီးဆန့် မြန်လှထင်။

နယ်လှည့်ပြတဲ့ ဖန်တီးရှင်ရယ်
ဥာဏ်ကြီးသင်ချယ်သမျှ
ခင်တွယ်ကာ ကိုယ်လေချစ်တာမို့
တစ်နှစ်တာ တည်နေပြပါလို့
မဖြစ်နိုင်ရာ ဆန္ဒမစောပါဘူး
ဖြစ်နိုင်တာ တစ်ခုပြောလို့ရဲ့
သဘောကတော့ ပြက္ခဒိန်
ပြပွဲချိန် သီသီခိုးလို့
ရက်တိုးမြှင့်ဖို့တောင်းပန်ချင်
ပွဲစဉ်ပျက်မလား သင့်ခရီး။

မတားသာပါ
သွားမှာကိုဘယ်သူ တားနိုင်လိမ့်
သနားကာ ထားချန်ရစ်တယ်ဖြင့်
ကျန်ရစ်မြေ နွေမဆိတ်ပါတကား
နိမိတ်ပုံ တသီတတန်းရယ်နဲ့
စိတ်ဝိဥာဉ် ပန်းချီခန်းမှာလ
(နွေဦးရေ)
လွမ်းမွေ့ပျော်ကြီး။

တက္ကသိုလ်ဘုန်းနိုင်

Leave Comments

Name*

Email*
Website
Email me whenever there is new comment