Professional Authors

လွမ်းလျ သစ္စာ

လွမ်းလျ သစ္စာ

မြောက်စူးစူး ဝေယံထက်က
ဓူဝံမည်တဲ့ သစ္စာရှင်…
စင်္ကြာဝယ် လိုရာသွားနိုင်လည်း
ခြေတစ်လှမ်း ဘယ်မရွေ့
ဖော်မပါ သူတစ်ယောက်
ဘယ်သူကို သင်စောင့်တယ်
 မှောင်မိုက်မှာ မှိတ်တုတ်ကယ်လင်း
..။

ငွေရောင်လွှမ်းတဲ့ စန္ဒာရယ်…
မြဲတစ်စေ တစ်ကိုယ်တည်းပေမဲ့
မေတ္တာရှင် သင်စောင့်ဆိုင်းတယ်
ဘယ်မှာဝယ် ဘယ်သူရောက်လာလို့
အလွမ်းကို ရင်မှာပိုက်ကာ
ဝေယံဆီသင်တက်ခဲ့တယ်
ညစဉ်ညတိုင်း…။

ကိုယ်ချင်းရယ်စာမိပါဘိ
ထီးကျန်ကြတဲ့ သစ္စာရှင်
ဘယ်ဘဝဘယ်ဆုတောင်း
အဘယ်က ရေစက်တွေကြောင့်
သံတစ်ရာမှာ လွမ်းလျရတယ်
မှားပါသည် သိရက်လေနဲ့
ဪချစ်မိကြခြင်း….။

မောင်ပိုင်

In: ကဗျာ Posted By: Date: Feb 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment