Professional Authors

ဧရာဝတီ



“ဧရာဝတီ”

သူ့ အနားသတ်မှာ
တစ်ခါက ကျွန်တော်တို့
သမိုင်းကြောင်းတွေလည်း ရေးထားတယ်
ပျောက်ပျက်သွားတဲ့ သဘာဝတွေ ရှိတယ်
ဖျောက်ဖျက် ခံရတော့မယ် သဘာဝတွေရှိတယ်…။

သူ့ ရင်ခွင်ကို စုန် ဆန်

ကူးချီသန်းချီ ၀မ်းစာရှာသူတွေ ရှိတယ်
သူ့ ရင်ခွင်ကို ကန့်လန့်တိုက်
ဟို ဒီ ကမ်းနှစ်ဖက် လူးလွန့် ၀မ်းစာရှာသူတွေ ရှိတယ်
သူ့ သဘာဝကို ဖျက်ဆီး
လက်တစ်လုံးခြား စီးပွားရှာသူတွေလည်း ရှိတယ်….။

သူ ပြတာက စုန် ဆန် ရ တရားလား
မတည်မမြဲ သဘာဝ တရားလား
ရိုးသားကြိုးစား လူ့ အားမာန်တွေလား
အမှန်တရားတစ်ချို့ ခေါက်သိမ်း
ကြည့်ကောင်းရှုပျော် ပုံရိပ်တွေလား….။

ဧရာဝတီကတော့

အမှတ်တရတွေကို ခင်းကျင်း
ဆက်လက် စီးဆင်းနေဆဲ….။

 

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

ဧရာဝတီကတော့
အမှတ်တရတွေကို ခင်းကျင်း
ဆက်လက် စီးဆင်းနေဆဲ….။

Leave Comments

Name*

Email*
Website
Email me whenever there is new comment