Professional Authors

” နှင်းဆီ . . . သို့ “

*          *          *
ပါးလှပ်လှပ် နှုတ်ခမ်း

သန်းခေါင်ယံအနမ်း၏

လူလုပ် အလွမ်းတို့နောက်ကွယ်

စကားလုံးဝှက်ဖဲတစ်ချပ် တွင်တွင်သုံး

အချစ်ပြဇာတ် ကန့်လန့်ကာချ

“ပြီးပါပြီ” နောက်ဆုံးစာတန်းထိုးလို့

အခန်းဆက်ဝတ္ထုရှည် ချိပ်ပိတ်ခဲ့ . . .

ငါငိုခဲ့ အနက်ရောင်လည်း

ဖြူပြာကာ ခ၀ါချလို့

လေထဲက ခပ်စိမ်းစိမ်း အမှတ်တရလမ်းမှာ

မျက်ဝန်းနီနီ ရင်ခုန်သံကြိုကြား

ရင်နှစ်ခြမ်းကွဲ ပြန်ဆက်မရအောင် သိုသိပ်ခဲ့ . . .

အင်းပါ…

ကလဲ့စားဆိုတာ လွယ်တယ်

ပေးဆပ်ခြင်း တစ်ဖက်သတ်နဲ့

ဝဋ်ဆိုတာ ခံဖူးမှ ခါးမှန်းသိ

နက်ပြာရောင်အနားသတ်၏ အခြားတစ်ဖက်မှာ

အပြုံးနဲ့ဖုံးဖိထားတဲ့ ရင်ခုန်သံအတုတွေ

တဒုတ်ဒုတ်နဲ့

ကံဆိုတာ တစ်ပတ်လည်ဦးမှာမို့

ဝှက်ဖဲမပါတဲ့ လမိုက်ညကျမှ

ဆတိုးနဲ့ လျော်ဦးတော့ နှင်းဆီရေ . . . . . . . . .

In: ကဗျာ Posted By: Date: Jan 14, 2014
Comment #1

ကံဆိုတာ တစ်ပတ်လည်ဦးမှာမို့

ဝှက်ဖဲမပါတဲ့ လမိုက်ညကျမှ

ဆတိုးနဲ့ လျော်ဦးတော့ နှင်းဆီရေ . . . . . . . . .niceee!!

commentinfo By: Karyan Thit at Mar 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment