Professional Authors

သူမဆိုတာ…………..

မောင်…
သစ္စာ တရား ဆိုတာ
မောင့် နှုတ်ခမ်းက တန်ဖိုးထားခြင်းလား…
မောင့် ရင်ထဲက တန်ဖိုးထားခြင်းလား…မောင်…

( ~A Lynn Phyo~ )

(…..)
သစ္စာတရား ဆိုတာ………
မောင့်နှုတ်ဖျားက…ထွက်နေကျ…ချစ်စကားထက်…
အစပေါင်းမြောက်မြားစွာ…သာလွန်နေခဲ့ပါတယ်ဆိုတာကို
ယောက်ျားမျက်ရည်နဲ့…သက်သေပြခဲ့ပြီပဲလေ…။

( violet-13 )

မောင်…
အချစ်ဆိုတာ
ပေးဆပ်မှု လား…
မောင့် အတ္တ တခု ရှေ့ထားပြီး
ရယူ လိုမှု လား…မောင်…

( ~A Lynn Phyo~ )

မောင့်အတွက်တော့….အချစ်ဆိုတာ.
ပေးဆပ်မှု…ရယူလိုမှု….စွန့်လွှတ်မှုဆိုတဲ့…
စတာ…စတာ….တွေလုံးဝမရောယှက်တဲ့…အချစ်သက်သက်ပါလေ….
အတ္တဆိုတာရှိခဲ့ရင်တောင်….(….)ရဲ့ပျော်ရွှင်မှုကို…
မောင်တစ်ယောက်တည်းသာ..ဖြည့်ဆည်းပါရစေဆိုတဲ့..အတ္တပါကွာ ။

( violet-13 )

မောင်…
ကျမ ရဲ့ ရှေ့မှာ ကလေးလေးတယောက်လို
အမြဲ ဖြူစင်နေခဲ့တာ
ကျမ ကွယ်ရာကျ
ခြေလှမ်း များဖို့ အတွက်လား…မောင်…

( ~A Lynn Phyo~ )

မဟုတ်ဘူး….(….) မဟုတ်ရပါဘူးကွာ…။
(…..) ရှေ့မှာ…ကလေးလေးလိုအမြဲနေခဲ့တာ…
အမြဲဖြူစင်နေခဲ့ရတာကိုက…….မောင့်ဘ၀ရဲ့ပျော်ရွှင်မှုတခုပါ ။
မောင့်ရဲ့အချစ်ဆိုတာ….ဖအေတူမအေကွဲ….မွေးချင်းမရှိတဲ့…
တစ်ဦးတည်းသော…ချစ်ခြင်းမျိုးပါ….(….) ။

( violet-13 )

မောင်…
ကျမ ယုံကြည်ထားတဲ့
မောင့် ချစ်ခြင်းတရား ဆိုတာ
မောင့်ရဲ့ စကားလုံးတွေလား…မောင်…

( ~A Lynn Phyo~ )

စကားလုံးတွေချည်းသက်သက်….ပတ်သက်စေခဲ့တာမဟုတ်ဘူးဆိုတာ
(…..) သိနှင့်ပြီးသားဖြစ်မှာပါလေ…..
မောင့်ရဲ့နေ့တွေညတွေကို….(….) လက် (….) ခြေ…ဖန်တီးစေခဲ့တာ…
စကားလုံးသက်သက်တဲ့လား….(….)ရယ်

( violet-13 )

မောင်…
မလိုအပ်တော့ဘူးလား လို့ မေးချင်တယ်…
ပြောင်းလဲ ချင်ပြီလား လို့ မေးချင်တယ်…
ငြီးငွေ့သွားပြီလား လို့ မေးချင်တယ်…မောင်…

( ~A Lynn Phyo~ )

မေးစရာမလိုအောင်….မောင်ချစ်ပြနေပါ့မယ် (…..)ရယ်
ခုလို…..(….) မောင့်အပေါ်သံသယများနေရလို့…
ပင်ပန်းနေပြီလားကွာ…………

( violet-13 )

ဒါပေမယ့်…
မောင်နဲ့ ဝေးများဝေးရင်ဆိုတဲ့
အတွေးလေးတခုတောင်
မတွေးရဲ ခဲ့တဲ့ ကျမ…
မောင် သာ ထားခဲ့ရင်ဆိုတဲ့
အသိ တခုနဲ့တောင်
အသက်မရှင် ရဲတဲ့ ကျမ…
မောင် အနားမှာ မရှိရင်
အလိုလို အားငယ်နေတတ်တဲ့ ကျမ…
ဝမ်းနည်းမှု တခုနဲ့
ငိုမိချင်ခဲ့ပေမယ့်
နာကျင် ရတဲ့ စိတ်
တိတ်တိတ်ကလေး ဆက်မျိုသိပ်ပြီး
အရှုံးပေး ဆက်ချစ်နေမိတယ်…

ကျမ တကယ်ပဲ ရူးသွပ်နေခဲ့သူလား…မောင်…

( violet-13 )

တကယ်တမ်း…ရလာတဲ့အကျိုးဆက်က…
ဘာတဲ့လဲ…..(…..) ရယ်..

ထားသွားသူက…..ရှုံးစတမ်းလား….
ထားခဲ့ခံရတဲ့သူက…ရှုံးစတမ်းလား

တကယ်ချစ်တဲ့သူက….ငိုရမှာလား...
မချစ်တဲ့သူက….ငိုနေမှာလား…။

စင်စစ်……ချစ်သူနှစ်ဦးမှာ....ရူးတဲ့သူက…
အမုန်းခံကြေးဆို…………..

ငါသာ…အမုန်းခံရမှာပါလေ….။

မောင်က………ချစ်လွန်းလို့...ရူးနေတဲ့သူပါ…။

မင်းမှန်ပါတယ်…..။

( violet-13 )

In: ကဗျာ Posted By: Date: Jan 7, 2014
Comment #1

မောင် နှင့် (….)
so cute.

commentinfo By: သွေဖီဝေ at Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment