Professional Authors

အိပ်မက်ထဲက..သူမဆိုတာ…..ကျွန်တော်ရဲ့….???

ချစ်သူ ကို အိပ်မက်မက်ခဲ့တယ်

လက်ဖဝါးတစ်စုံနဲ့ တွဲလက်
ကျွန်တော် ရူးခဲ့ရတဲ့..ညနေတချို့ ရှိတယ်
မြင်ကြည့်ပါ…..ကောင်မလေးတစ်ယောက် ..
ကျွန်တော့်လက်ကလေးကိုင်..သူမရယ်နေခဲ့ဖူးတာပေါ့
ညနေတွေ….လှလိုက်တာဗျာ….

ကျွန်တော်တို့  ရင်တွေခုန်ခဲ့တယ်
မနက်တွေ နိုးထတဲ့ အချိန်…စတွေးမိတာလေးတွေရှိတယ်
တူတူထိုင်တဲ့ နေရာလေးတွေ ရှိနေတုန်းပဲ…
အမြဲတမ်းသီချင်းဆိုခိုင်းတတ်တဲ့..သူမ
ကျွန်တော်..သီချင်းတွေ အခုထိ ဆိုနေတုန်းပါပဲ..
သူမကတော့ ဘယ်ဆီမှာလဲကွယ်……

ရင်ခွင်ထဲမှာ ရှိတုန်းက..ခေါ်တတ်တဲ့..ကို…တဲ့
သူမ..က..တချိန်က…ဘဝပါ
ရိုးရှင်းတဲ့..ဘဝ…ချစ်ခဲ့ပါတယ်

အိပ်မက်တွေထဲ..သူမက..အရင်လိုရှိနေတော့
ဆက်လွမ်းနေရမှာလား…..အိပ်မက်ဆိုပြီး…………………………………………….

နွေးထွေးတဲ့..အပြုံးသစ်တစ်ခုထပ်ရတယ်
ဂရုဏာ..သက်သက်နဲ့ ..ကျွန်တော်ကြည့်ခံရတယ်
ရင်ခွင်ထဲက..ချစ်သူကို.အားနာစွာနဲ့ လွမ်းနေဖူးတယ်
သူမသိပါ့မလား……………….

ဘယ်ဆီရောက်နေမှန်းမသိတဲ့..သူမ
ပြန်ဆုံတဲ့အခါ…ပျော်နေနိုင်မှာပါ
ကျွန်တော်ပြန်မပေးနိုင်တော့ပါဘူး…
မိတ်ဆွေ…ဒါဆိုမျှတမှာပါ…တချိန်က..သူငယ်ချင်းပဲဖြစ်မှာပါ
အိပ်မက်တွေ..ရှိနေတုန်းပဲ……
ကောင်မလေး….သူငယ်ချင်းလို့ ပဲတွေ့ ရင်ခေါ်ပါ
ကျွန်တော်ချစ်သူရှိနေလို့ ပါ…….
ချစ်သူကစိတ်ကောက်တတ်တယ်ပြီးတော့ ကြိတ်ငိုတတ်တယ်
ကျွန်တော်..ချစ်လဲချစ်တယ်..
သူမအပေါ်ဆိုရင်တော့….ကျွန်တော်မဖြေတတ်လို့ 
ဒီကဗျာလေးရေးဖြစ်တယ်…..။

(ခံစားချက်တူရင်ကျွန်တော်က သူမ(အိပ်မက်ထဲက)အပေါ်ဘယ်လိုဖြစ်နေတာလဲဆိုတာပြောပေးပါဖြေပေးပါ)

In: ကဗျာ Posted By: Date: Mar 25, 2013
Comment #1

ပြောရရင် သူမနေရာမှာ ကိုယ်တိုင်ဖြစ်ခဲ့ဖူးတယ်
ဘာဆက်ပြောရမှန်းမသိတော့ဘူး

commentinfo By: maypyo22889 at Mar 25, 2013
Comment #2

ma may pyo က ကိုယ်တိုင်ဖြစ်ဖူးတယ်ဆိုတော့…
ကျွန်တော်လဲဘာဆက်ပြောရမှန်းမသိတော့ပါဘူး
ဘာပဲဖြစ်ဖြစ်..ကွန့် မန့် ပေးတာကျေးဇူးပါဗျာ..

commentinfo By: သဟံသစ် at Mar 26, 2013
Comment #3

R yar yarr
Bar tway tone?
Like loh ma hme dot bu.
Zat lann tway ka a yann shoke Dar be.
Nyan ma hme dot bu.
Nga tone loh be a pyaw khan like dot me.
A de loh htin yin le khan like dot me.
Za yarr tway a yann Nout de.
Ekkkkkkkk:(

commentinfo By: ei lay at Mar 26, 2013
Comment #4

လွမ်းနေတတ်တယ် ဆိုတာ က အတိတ်က အမှတ်တရတွေကြောင့်သက်သက်လား ။
သူမကို တကယ်ပဲ အနားမှာ ရှိစေချင်တာလား။
မပြောတတ်တော့ဘူး… အလွမ်းနဲ့အချစ် ဆိုတာ တထပ်တည်း ကျနေတာ တော့ မဟုတ်ပါဘူး။

commentinfo By: Titan at Mar 26, 2013
Comment #5

အင်း မအိလေး ခေါင်းရှုပ်သွားရင်တော့တောင်းပန်ပါတယ်
Titan ပေးတဲ့ ကွန့် မန့် လေးမှာ မက်ဆေ့လေးတစ်ခုပါတယ်
ကျွန်တော်ကိုယ်တိုင်က အလွမ်းနဲ့ အချစ်ဆိုတာကို မခွဲခြားဖြစ်တာပါ..လွမ်းနေတာပဲဖြစ်မှာပါ..အချစ်ဆိုရင်တော့
ကျွန်တော်မကောင်းဘူးလေ…..ဘဝကိုက ရှုပ်တာပါ.ဗျာ

commentinfo By: သဟံသစ် at Mar 31, 2013
Comment #6

ခံစားချက်တွေကလဲမထပ်ဘူးနော်…………..ဇာတ်လမ်းတွေကြည်.နေရသလိုပဲ………………..ကောင်းပါတယ်အကိုရေးတာတွေ…………….၏

commentinfo By: thwe at May 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment