Professional Authors

အချစ်အကြောင်းပြောရရင် ခင်ဗျားတို့အကြိုက်ပဲပေါ့

အာဒံနဲ့ဧ၀ ကပဲစတယ်ပြောပြောပေါ့
အချစ်ဆိုတာ ထွက်လိုက်တိုင်း
အဖြေအမျိုးပြောင်းနေတဲ့ ပုစ္ဆာ.။
ခင်းဗျား နှလုံးသားက တိမ်ဆိုရင်
လေလိုအချစ်က ခင်းဗျားကို ရွေ့သွားအောင်
တိုက်ခတ်နေလေရဲ့……….။

ခင်ဗျား က အချစ်ကိုမသိဘူးလို့တော့ မပြောနဲ့
ကိုယ့်လူ..ခင်ဗျား..ဘ၀မှာ အချစ်ဆိုတဲ့မှင်
အနည်းဆုံး တစ်ကြိမ်တော့စွန်းခဲ့ဖူးမှာ သေချာတယ်။

အချစ်နဲ့ အခြစ် မတူဘူးဆိုတာ
ခင်းဗျာလည်းသိနေတာပဲ..။
ဒီတော့ ခင်းဗျားတို့ ကျွန်တော်တို့ ဘ၀မှာ
အချစ် တွေရခဲ့ဘူးသူရှိသလို
အခြစ်တွေရခဲ့ဘူးသူလဲအများကြီးလေ။…

အပင်မြင့်လေ လေတိုက်ခံရတယ်ဆိုပေမယ့်
အချစ်တွေ မြင့်မားလာရင်တော့ကိုယ့်လူ
ခင်ဗျားက ပထမဆုံးရှုံးသူပဲ ဆိုတာ သတိရပါ။
ဘာလို့လည်းဆိုတော့ ခင်ဗျားကိုတိုက်မယ်အရာ
လေမဟုတ်ဘူး အချစ်လေ။

ရိုမီယိုနဲ့ ဂျူးလီယက် ခေတ်ဟောင်းပုံပြင်ပါ
အခုက ၂၁ ရာစု…ဒီအတော့အတွင်း…
အချစ်နဲ့ပါတ်သက်လို့ ကစားနည်းတွေကလည်း
တတ်တဲ့လူတတ် မတတ်လူမတတ်နဲ့လေ..။
အရင်လို တော့…အချစ်က ခေတ္တ ပြယုဒ်တစ်ခုနဲ့
သက်သေပြလို့မရတော့တာသေချာတယ်။

ကျွန်တော်အခုပြောနေတာ အချစ်လေ..။
ဒါကို ခင်ဗျားလဲစိတ်ဝင်စားမယ်ထင်တယ်
စိတ်ဝင်းစားဖို့ကောင်းတာ ဘု၇ာသခင်
အချစ်နဲ့ အစာအိမ်ကို လူသားတွေထဲ
ဘာကြောင့်ထည့်ပေးခဲ့တာလည်းလို့လေ။

အငွေ့

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

အချစ်အကြောင်းမပြောချင်ဘူး……
ယဉ်ယဉ်လေးပဲရူးချင်တယ်…..
ကဗျာလေးကောင်းတယ်..ကိုအငွေ့ရေ…

commentinfo By: Ema Yar at Jun 10, 2010
Comment #2

(:
“အချစ်နဲ့ အစာအိမ်ကို လူသားတွေထဲ
ဘာကြောင့်ထည့်ပေးခဲ့တာလည်းလို့လေ။ ”
အဲဒါလေးသဘောကျလို့ comment ပေးတာ 😛 (comment ပေးရင်းကို ဗိုက်ဆာလာပြီ :P)

commentinfo By: ဖြိုးဖြိုး at Jun 10, 2010
Comment #3

ko steam gud but achit ko mway ka tail ka htae pay lite tal maternal care lay jar 😀

commentinfo By: thae thae at Jun 27, 2010
Comment #4

mike de.

commentinfo By: ei lay at Aug 14, 2011
Comment #5

ဟုတ် ပ အချစ်အကြောင်းဆိုတာနဲ့  ကိုအငွေ့  ]ကဗျာကို အရင် အားပေးလိုက်တာ
အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment