Professional Authors

မိုးကောင်းကင်ကြီး ပြိုကျသွားပြီ

ကျွန်မကို သူစိမ်းတွေက မုန်းလို့ပဲဖြစ်ဖြစ် မတရားနှိမ်တာပဲဖြစ်ဖြစ်
ကျွန်မ စိတ်မညစ်ဘူး
ဒါပေမယ့် ကျွန်မမိသားစုပေါ်မှာထားတဲ့စေတနာကို ကိုယ်သိပ်ချစ်တဲ့ မိသားစု က အထင်မှားရင် ဘ၀မှာ မိုးကောင်းကင်ကြီး ပြိုကျသွားသလိုခံစားရတယ်
ဆောက်တည်ရာမရ ပဲ ဟိုးအဝေးဆုံး ကို ထွက်သွားချင်တယ်
ကျွန်မက အိမ်မှာ အငယ်ဆုံး ဆိုတော့
တခါ တလေ ကလေးဆန်ပြီး မိသားစု ကိုဆိုးနွဲ့ချင်ပေမယ့် ကျွန်မ မိဘနဲ့ အမတွေကို ကျေးဇူးဆပ်ရမယ်ဆိုတဲ့ အတွေးက အမြဲတမ်းရှိတယ်
တခါတရံ ဘ၀ကကြမ်းတမ်းတော့ နောက်ဆုတ်ချင်ပေမယ့် သူတို့ မျက်နှာကို ပြေးမြင်တယ်
အဲလို မြင်တိုင်းဘယ်တော့ မှနောက်မဆုတ်ခဲ့ဘူး

 ဒီနေ့ ရင်ထဲမှာ နာကျင်လိုက်ရတယ် အမဖြစ်သူက အရင်ကတည်းက နင်ကြိုးစားတာ နင့်အတွက်ပဲလို့ မကြာကြာပြောဖူးသလို ဒီနေ့လည်း ကျွန်မရဲ့ ယုံကြည့်ချက်တွေ ကိုရိုက်ချိုးလိုက်တယ်

လူတွေက အပေါ်ယံကိုကြည့်ပြီး ပြောကြတတ်တယ်ဆိုပေမယ့် မိသားစုဖြစ်သူက ပြောလာတာကိုတော့ လက်မခံနိုင်ဘူး။
ကျွန်မ ကြိုးစားတာ ကျွန်မအတွက်ပဲ မဟုတ်ဘူး မိသားစု အတွက်ပါပါတယ်
ကျွန်မအတွက်ပဲ ဆိုရင် အဲလောက်ထိကြိုးစားစရာမလိုပါဘူး
ကျွန်မ ဒီနေ့ လည်း နေမကောင်း လို့ ရုံးမသွားနိုင်ဘူး
နေမကောင်းနေတဲ့ ညီမလေးတစ်ယောက်ကို နားလည်မှုမပေးပဲ သူ့ခံစားချက်ကိုပဲ ပြောပြီး
 ကျွန်မ ရဲ့ စေတနာ တွေ မေတ္တာတရားတွေကို မြောင်းထဲသွန်လိုက်သလိုပဲ

In: ကဗျာ Posted By: Date: Dec 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment