Professional Authors

☆★♬♩♪ ယနေ့ သူမမွေးနေ့ ♪♩♬★☆

သူမ၏မွေးနေ့တွင်
 ကြယ်စင်တစ်သောင်း ခညောင်းခဲ့မည်ဆိုပါလျှင်
မြောက်စူးစူးမှဓူဝံကြယ်သည် ကျွန်တော်ဖြစ်ပါရစေသား…..

ဘ၀ပင်လယ်မှလောင်းလှေငယ်အား
ထိုဓူဝံသည်လမ်းပြနိုင်ပါစေ…..

ထိုအခါ
နှလုံးသားသံလိုက်အိမ်မြှောင်မှ အချစ်မျှားသည်
ကြယ်ဓူဝံနှင့် အမြဲထာဝရ ထပ်တူပြုပါစေ….

ယနေ့မွေးနေ့မှသစ္စာတရားတို့သည်
ရတုဆက်ဆက်တိုင်မြဲခိုင်ရပါလို၏….

အဘယ့်ကြောင့်ဆိုသော်….
သူမ၏မွေးနေ့တိုင်းသည် ကျွန်ုပ်ဖန်ဆင်းသောပျော်စရာများဖြစ်လိုပါ၏။

                                       သလင်း(၂၆.၁၀.၂၀၁၃)စနေ ၂၃း၅၂

In: ကဗျာ Posted By: Date: Oct 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment