Professional Authors

ဤရယ်သံများ……

ပက်လက် ကြွေသွားတဲ့ဘ၀တွေကို
မ၀စတမ်းပြောတဲ့ သူတွေဟာ
ကျန်းမာရေး မကောင်းတဲ့ အနာဂတ်ကို မသိတဲ့အတွက်လား

လောကမှာ
တောက်ပမှုတွေအတွက်
လောင်ကျွမ်းမှုတွေ များလို့ ပြာဖြစ်ခဲ့ရသလို
အမွှေးရနံ့တွေ ပေးဖို့အတွက်
ပန်းမှန်းမသိအောင် ခြောက်သွေ့ပေးခဲ့ရတဲ့ အမြစ်တွေလည်း
ရှိခဲ့တယ်
အနံသင်းတဲ့ ပူလောင်မှုတွေကိုကတော့
မသိမသာ အခိုးခံရတယ်

မျက်နှာဖုံးအတုတွေကိုပဲ ကိုယ်ပေါ်မှာ ကမ္ဗည်းထိုးကြ
ပကာသနတွေကို အခါခါ အရေခွံလဲကြ
မသထာရေစာတွေကို တန်ဆာလို သီးဆွဲကြနဲ့ပဲ
နောက်ဆုံး…….
ငါ့နားထဲမှာ ဆင်းရဲသားတွေရဲ့
ရယ်သံသာ
ဒိုရေမီဖာရဲ့ ကနဦးအစအဖြစ်လက်ခံခဲ့တယ်

ap 

In: ကဗျာ Posted By: Date: Oct 16, 2013
Comment #1

ကဲ ကဲ ကွန်မန့် မရတုန်းက မရလို့ မေးတယ်
ခုရတော့ ကောင်းတယ် ပြောမယ် အစ်ကိုရ
ကဗျာလေး .. မိုက်တယ်

commentinfo By: maypyo22889 at Oct 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment