Professional Authors

အချိန်နှင့် တပြေးညီ

10:23
ချော်တော်တော် ကမ္ဘာကြီး
လုပ်နိုင်တာက ကိုယ့်ကဗျာလေး ချော်လဲမကျဖို့
ထင်မထားခဲ့ဘူး
10:26
ထင်ထားတာက ဖြစ်မလာဘူး
အရေခွံ လန်သလိုပဲ
10:31
အရေခွံ လန့်သလိုပဲ
10:32
ရှင်ပြိုလဲလို့ မဖြစ်ဘူး
ပြိုလဲမှုက
10:34
ရှင်နဲ့ မဖြစ်ဘူး
ကမ္ဘာကြီးက သူ့မိုက်ပြစ်နဲ့သူ
10:35
ရေပွက်လေးတစ်ခုကို လက်ခနဲ ကျွန်မ မြင်တယ်
10:38…………………..
10:39…………………..
10:40…………………..
10:41…………………..
ကျွန်မ ချစ်ပါတယ် ကျွန်မ ချစ်ပါတယ် ကျွန်မ ချစ်ပါတယ်
ကျွန်မကို ကျွန်မ ချစ်ပါတယ်
10:52
10:53
10:54
10:55
ရှင့် အကြောင်းတွေးတဲ့ အချိန်တွေထဲ
ကျွန်မ ကမ္ဘာတစ်ခုလုံး ယိုင်ထိုးနေခဲ့တော့တာပဲ
11:02
မိနစ်တိုင်းမှာ ဆန့်ငင် ဆန့်ငင် ထုံ့ပိုင်း ထုံ့ပိုင်း မှိုင်းတွေ
11:03
11:04
11:05
11:06
နာရီ ကြည့်နေမိတာ ရပ်လိုက်တယ်
11:06
ကျွန်မ ဘယ်လို အိပ်မလဲ။………။

ပန်ပါယ်

In: ကဗျာ Posted By: Date: Aug 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment