Professional Authors

“စွန့်ခွာလိုခြင်း အကြောင်းအရင်း”

“စွန့်ခွာလိုခြင်း အကြောင်းအရင်း”


ပျော်ရွှင်ခြင်း အစွန်အဖျားမှာနေထိုင်ရင်း

လှိုက် လှိုက်ပြီး ၀မ်းနည်းလွယ်လာလိုက်တာ
လူမမည် အပြုံးတွေနဲ့ ကျွန်မ သူ့ရဲ့အနား လူရာဝင် သူရာဝင်ရှိလို့ပေါ့။

ဟန်ဆောင်ခြင်းယဉ်ကျေးမှုဟာ  ကမ္ဘာဦးကတည်းက ရှိခဲ့တာတဲ့
ဒီ လိုတွေတွေးပြီး….

ရှိုက်သံကိုတောင် ရယ်သံလို ဟာသနှောခဲ့ဖူးတယ်
ဘယ်လိုတော့ မေ့ပစ်ရနိုင်မှာတဲ့လဲ?
တစ်ဖက်စောင်းနင်း ထိုးနှက်ချက်တွေက
မကြာခဏဆိုသလို
အိပ်မက်တွေကို သေဆုံးစေခဲ့တယ်လေ။

 
အလံဖြူ မလွှင့်ရုံတမယ်
ခန္တီစတွေ အရောင်တင်လာခဲ့တာပါပဲ
အနိုင်ယူလိုခြင်း ဖိအားနည်း ရပ်ဝန်းထဲ
ဘာမှမဟုတ်တဲ့ မိန်းမရယ် လို့
တွေးဆခံရမှုကိုတော့ စာသားတွေ လိုက်မမှီအောင် စိတ်ကနာတယ်။

 
ဆုတောင်းတွေလည်း မကောင်းခဲ့ပါဘူးလေ
မျှော်လင့်ထားသမျှတွေ ကွာကျလာတိုင်း
ဆွဲအားမဲ့ခဲ့တဲ့ ပေးဆပ်မှုတွေကို
မုန်းတတ်လာတယ်။
အရှုံးတွေ ဆင့်ထားတဲ့ နံရံကိုမှ….
မမြင်မကန်း ၀င် ၀င် တိုက်နေတတ်တဲ့ကျွန်မ
သူနဲ့ ပတ်သတ်ရမယ့် အနာဂတ်ရဲ့ အသံထွက်ကို နားစိုက်ထောင်ရမှာ ကြောက်တတ်လာတယ်။

နောင်တတွေနဲ့ ပိတ်မိခဲ့တဲ့
နေ့စွဲများစွာကြောင့် အသက်ရှုရ ခက်ခဲ့ပေါင်းလည်း များပြီ။
ကိုယ့်အမှတ်အသားနဲ့ ကိုယ်မို့

တ၀က်စီ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ရှင်သန်ခြင်းတွေ ပြန်တောင်းခံရင်း….
တကိုယ်တည်း ရည်ရွယ်ရာကို ဗဟိုပြုခဲ့တော့တယ်။

 
ဘ၀နဲ့နှလုံးသားက စေစားခဲ့တဲ့ ဇာတ်ကြောင်းကို
ဇာတ်ညွှန်းပြောင်းပါရစေတော့ကွယ်…
ကျွန်မလေ ဒီနေ့ကစလို့…
ထင်မြင်ချက်တွေ ရှုံ့ချမှုတွေကို

တနိုင်တပိုင် စိတ်ဓါတ်ပြင်းပြင်းနဲ့ ပြောင်းပြန်ဇောက်ထိုး…..
ထာဝရ ရိုက်ချိုးသွားပါတော့မယ်။ ။


အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Oct 1, 2013
Comment #1

အားပေးသွားပါတယ် အစ်မ

commentinfo By: မေပျို at Oct 1, 2013
Comment #2

အရမ်းမိုက်တယ် ကေ
အားပေးနေပါတယ်

commentinfo By: သွေ at Oct 2, 2013
Comment #3

တနိုင်တပိုင် စိတ်ဓါတ်ပြင်းပြင်းနဲ့ ပြောင်းပြန်ဇောက်ထိုး…..
ထာဝရ ရိုက်ချိုးသွားပါတော့မယ်။ ။
………………………………………………………….
အရမ်းမိုက်တယ်….အားပေးသွားပါသည်။

commentinfo By: နွေ at Oct 2, 2013
Comment #4

ကောင်းပါတယ် ဗျာ….

commentinfo By: ap at Oct 5, 2013
Comment #5

ကျေးဇူးတင်လိုက်တာ 🙂

commentinfo By: kaythari at Nov 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment