Professional Authors
သိမ်းဆည်းထား​သော အလွမ်းများ
မနက်​လင်းလို့ အိပ်​ရာနိုးတိုင်း
သူ့ မက်​​ဆေ့​လေးများ​ရောက်​​နေမလားလို့
ယောင်​ယမ်းကြည့်​မိရင်း
မလွမ်းဘူး ..
မျက်​နှာသစ်​လို့သွားတိုက်​ခါနီး
ဆင်​တူသွားတိုက်​တံ​လေးမြင်​တိုင်း
မလွမ်းဘူး …
ကျောင်းသွားဖို့ ပြင်​ဆင်​ပြီးတိုင်း
အ​ရောင်​တူ နာရီ​လေးကို ပတ်​ရင်း
မလွမ်းဘူး …
လက်​ဘက်​ရည်​ဆိုင်​ထိုင်​တိုင်း
နင်​မကြိုက်​တဲ့ စီးကရက်​ဖွာ
မလွမ်းဘူး …
ခေါ်ဆိုမှု​တွေဆိတ်​သုန်း​နေတဲ့
ဟန်းဖုန်း​လေးကို​ဘေးချ
ဘယ်​အချိန်​များ နင်အပြုံး​လေးနဲ့​ပေါ်လာမလဲလို့
မလွမ်းဘူး …..
နင့်​​နေနိုင်​မှု​တွေ ဥပက္ခာ​တွေကြား
အိမ်​မက်​​တွေနဲ့
မလွမ်းဘူး …
အိပ်​ရာဝင်​ခါနီးတိုင်း ​မေတ္တာပို့
သူမ ကျန်းမာ ရွှင်​လန်းဖို့ ဆု​တောင်း
တကယ်​ မလွမ်းဘူး ….
In: ကဗျာ Posted By: Date: Sep 11, 2013
Comment #1
အိ က တော့ အ ရမ်း အ ရမ်း သ တိ ရ ပီး အ ရမ်း အ ရမ်း ကြီး ကို လွမ်း နေ ပါ တယ်။
commentinfo By: ei lay at Sep 12, 2013
Comment #2
🙂
commentinfo By: Dino at Sep 12, 2013
Comment #3
မလွမ်းပေလို့ပဲဗျို့….
commentinfo By: niaallin at Sep 14, 2013
Comment #4
လွမ်းတဲ့
commentinfo By: Tun Naing at Jan 9, 2015
Leave Comments
Name*
Email*
Website
Email me whenever there is new comment