Professional Authors

ကြေကွဲမူ..နိဒါန်း

~~~~ကြေကွဲမူ..နိဒါန်း~~~

နင့်ရဲ့ပိုင်နက် ငါ့မျှော်လင့်ချက်တွေ
ကြယ်မမြင် လပျောက်
မဟူရာအရောင် လွှမ်းထလို့နေတယ်….။

ငါက နင့်အတွက်
အိုအေစစ်မဟုတ်ဘူးပဲထားပါ
ရင်ကွဲနာတချို့အတွက်
သမားကောင်းဖြစ်ခဲ့ဖူးတာ မမေ့ပစ်ပါ့နဲ့….။
(သန်းခေါင်မသိ မိုးသောက်သည်အထိ ဝေဆာဖူးတဲ့ Conversation တွေကို စာနာသောအားဖြင့်ပေါ့….)

နင့်မျက်ရည်တွေ
ငါ့နှလုံးသားကို လာမှန်ပါတယ်
နင့်အရှုံးတွေ နားထောင်ပေးရင်း
ငါ့အချစ်တွေ နင့်ရင်ခွင်မှာ ဆုံးခဲ့တယ်
” ငါ့ရဲ့လမင်း” သီချင်းနဲ့…….
ငါတို့ရဲ့ညတွေ နေ့သို့ပြောင်းခဲ့ဖူးတယ်။

ငါတို့အတိတ်ဟောင်းက
နင့်အတွက် ခယောင်းတော တဲ့လား….?
ဒီလိုတွေးတတ်လာရင
် နင်းလျှောက် နင်ထွက်သွားစမ်းပါ။
ငိုသံနဲ့ရင်းတဲ့ ကတ္တီပါလမ်းတလျှောက်
နင့်ပျော်ရွှင်မှုတွေ တရားဝင်ဖြစ်ဖို့ အရေးကြီးတယ်လေ။

နင့်အကြောင်းကလွဲရင်
ငါ့ကိုယ်ငါတောင် စိတ်ဝင်စားမှုနည်းတတ်တဲ့ငါ….
ပေးဆပ်မှုတွေနဲ့သာ သွေးနွေးစေခဲ့တာပါ
(အင်းပေါ့လေ….. ပျော်တော်ဆက်ဆိုတာ ၀မ်းသာနေချိန် ဘယ် လို အပ် ပါ့ မ လဲ????)
အရံလူဘ၀မှာ ခိုနားချင်မိတဲ့ ငါကိုက “မိန်းမအ” ပါ။

စိမ်းကားမှုတွေ ထင်ရှားလာတိုင်း….
အလွမ်းတွေ မခမ်းသရွေ့….
ငါ ဆက်လက် ကြေကွဲပေးပါ့မယ်။

ငါဟာ နင့်ရဲ့…….
ပုံပြင်တစ်ပုဒ်သာ ဖြစ်ခွင့်ရရင်……
နင့်အတွက် ငါ…..
ခံစားနေရတာ ဂုဏ်ယူပါတယ်။

အချစ်ပဲ ….
ရခဲ့ဖူးသမျှအရာရာကို ကျေနပ် မြတ်နိုး တန်ဖိုးထားတတ်ရမှာပေါ့….။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Sep 6, 2013
Comment #1

kathari nyi ma sat ma kaung sa yar thay pae ma yae pa nat … pyaw sa ya lay lae yae pa ohm … arr pay pa dal

commentinfo By: cynthia at Sep 6, 2013
Comment #2

(အင်းပေါ့လေ….. ပျော်တော်ဆက်ဆိုတာ ၀မ်းသာနေချိန် ဘယ် လို အပ် ပါ့ မ လဲ????)

commentinfo By: နွေ at Sep 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment