Professional Authors

သံသရာမှတ်တိုင်

  သံသရာမှတ်တိုင်


ကောင်မလေးရေ . . .

မင်းထွက်ပြေးသွားခဲ့တဲ့

ကမ္ဘာသစ်တစ်နေရာမှာ

မေတ္တာစစ်ဆိုတဲ့အရာ ရှိရဲ့လား ။

 

ငါပေးဆပ်ခဲ့နိုင်သမျှ

နှလုံးသားသုခတွေရော

မင်းတို့ဆီမှာ ရရဲ့လား ။

 

မင်းမျက်ရည် တစ်လီတာလောက်

မိုးပေါက်ကျတဲ့အခါ ပို့လိုက်ပါ၊

ငါ့အလွမ်းတွေကိုတော့

အာကာသထဲကတစ်ဆင့် ပို့လိုက်မယ် ။

 

လည်ပတ်နေတဲ့ သံသရာမှာ

မှတ်တိုင်ပါကောင်းပါရဲ့နော်၊

မင်း မှတ်တိုင်ကနေပဲ စောင့်ပါ

နောက်လာမယ့် ယာဉ်တစ်မျိုးမျိုးနဲ့

ငါ မင်းဆီ ဒိုးခဲ့မယ်

မင်း ဆက်ဆက်စောင့်နေပါ၊

ပုပ်သိုးသွားမယ့် ရုပ်ရည်ကိုတော့

ဘက်တီးရီးယားတွေအတွက်

ရေစက်ချပြီး လှူခဲ့မယ်၊

မင်း ဆက်ဆက်စောင့်နေပါ ။   ။

 

In: ကဗျာ Posted By: Date: Jun 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment