Professional Authors

လူရွှင်တော်

မိုးညတစ်ခုရဲ့ကကြိုးအောက်
အိပ်မက်တွေပိတ်မိနေတဲ့လိပ်ပြာတစ်ကောင်
တစ်ခြမ်းမပြည့်တပြည့်လမင်း
ထူးအိမ်သင် သီချင်းတစ်ပုဒ်
သူတို့အားလုံးအထီးကျန်နေကြတယ်။

ငါ့အတွက်
လွမ်းစရာဆိုလို့
ကောင်းကင်လေးတစ်ခုကလွဲပြီး
ရင်ဘတ်ထဲမှာ….ဗလာ

ဘယ်ပြန်ညာပြန်
ရွာချလိုက်တဲ့ကဗျာတွေထဲမှာ
အိပ်မက်ထဲကမြို့တော်တစ်ခုရှိနေရဲ့

ခင်ဗျားတို့မေးငေါ့ဖို့အတွက်
ခွန်းတောက်မဆိုတတ်တဲ့လူရွှင်တော်
ဟောဒီမှာရှိတယ်…..

တစ်ခါတစ်လေတော့လည်း
ခင်ဗျားတို့လိုလေးနက်တတ်အောင်
ကိုယ့်ကိုယ်ကိုဆားတစ်ဇွန်းလောက်ခပ်ထားလိုက်ချင် တယ်..,…

In: ကဗျာ Posted By: Date: Aug 11, 2013
Comment #1

တစ်ခါတစ်လေတော့လည်း
ခင်ဗျားတို့လိုလေးနက်တတ်အောင်
ကိုယ့်ကိုယ်ကိုဆားတစ်ဇွန်းလောက်ခပ်ထားလိုက်ချင် တယ်..,…

commentinfo By: ဖူးမေ at Aug 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment