Professional Authors

ရွှေစင်

စန္ဒကူး
ရွှေလူးလို့ ဝင်းသလော…..

မှုန်အကူး
လေမြူးလို့ သင်းသလော….

သူတစ်ထူး
ယစ်မူးလို့ ရူးစေသလော….

ရွှေစင်ပန်းပု
ပုံပြုသွန်း၍
ငုံဥရွှန်းသည့်
သည်းရတနာ…

ညွှန်းစာတစ်ရာ
ခွန်းဆင့်မွမ်းလည်း
မီအံ့မထင်….

အမရာ ကိန္ဒရီ
လှတူစုလည်း
ထူးအံ့မထင်…

ပပဝတီ
နဝရတ်စီလည်း
ညီအံ့မထင်…

ပြစ်မြူမတင်တဲ့
နန်းအလှရှင်……

In: ကဗျာ Posted By: Date: Aug 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment