Professional Authors

ပြီးဆုံးသွားပါပြီ

ပြီးဆုံးသွားပါပြီ …

သူနဲ့ ပတ်သက်သမျှ ရယ်သံတစလေးတောင်

မကျန်ရှိဘဲ …

အရာအားလုံး ပြီးဆုံးသွားပြီ …

သူ့နာမည်လည်း ပြည့်ဖုံးကား ချလိုက်ပါပြီ …

(၂)

ဦးတည်ရာမဲ့ သူ့ခရီးစဉ်အတွက်တော့ …

အဆုံးစွန် လမ်းခွဲလေးထိ လိုက်ပို့မယ့် သူတွေက …

မျက်ရည်တံခါးများကို ဆောက်လုပ်လျက် …

သူ့အပေါ် အကြည့်အာရုံတွေကို ဖြန့်ကြဲထားကြတယ် …

သူ …

အခုတော့ ငြိမ်သက်လို့ …

သူ …

မနေ့ကတော့ စကားတွေ ဖောင်ဖွဲ့လို့ …

စကားလုံးတွေ ဟောင်ဖွာ ဟောင်ဖွာ လွှတ်ထုတ်လို့ …

(၃)

အခုတော့ သူ့နာမည်တစ်ခု လူတွေရဲ့ ပါးစပ်ဖျားကလွဲလို့ …

ပြီးဆုံးသွားပြီ …

လေပြည်တွေကို လိုက်ခိုကာ …

သူ …

ပျောက်ဆုံးခြင်းတွေနဲ့ အတူ လွင့်ပါသွားပြီ …

(လမ်းခရီးတွေဟာ အထီးကျန်ဆန်လာခဲ့ …

ခြေလှမ်းတွေ တစထက် တစ လှိုဏ်ခေါင်းကျယ်ဆန်လာခဲ့ …

သွေးစိမ့်တဲ့ ပဲ့တင်သံတွေနဲ့ …

အာရုံတွေထဲ ခြေသံဟာ ခါတိုင်းထက် ပိုကျယ်တယ် …)

(၄)

မနေ့တနေ့တွေက …

မမျှော်လင့်ခြင်းတွေနဲ့ (ဘဝတွေထဲ)ဆိုက်ရောက်လာခြင်းကို

ဘုရားသခင် လှစ်ဟပြတယ် …

ပျော်မွေ့စေတယ် …

အခုတော့ …

ဘုရားသခင်ကိုယ်တိုင်ကပဲ ကျွမ်းကျင်စွာ …

သူ့လက်တစ်ဖက်နဲ့ပဲ မျက်လှည့်တစ်ကွက်ကို

ပြသလိုက်ပြီ …

ငါ့အတွက်တော့ …

သက်ပြင်းတစ်စုံနဲ့ မျက်ရည်မြစ်ကြီးကို ထုတ်လုပ်ပေးရတာလောက် …

မောဟိုက်တာ မရှိဘူး …

သူ့ကြောင့် …

ငါ့အရှိုက်သံတွေ ပြင်းထန်စူးရှခါးသီးတယ် …

ပါးတွေလည်း စိုစွတ်နေပါပြီ …

ပြီးခဲ့တာတွေလည်း …

……..ပြီးပြီ…….

……..ပြီးပြီ…….

ပြီးပြီ …………..

သူလည်း အပြီး ….

ကိုယ်လည်း အညည်းပဲ …

ကဲ …

သူကတော့ တကယ် …

ပြီးပြီ …။..။။။။

(၅)

သူနဲ့ ဆိုင်တဲ့ ဇာတ်လမ်း …

နောက်တစ်ခန်းဆိုတာ မရှိတော့ပါကြောင်း …

In: ကဗျာ Posted By: Date: Jun 16, 2010
Comment #1

ပြီးနေမှတော့ ပြောဖို့လိုသေးလား…

commentinfo By: မနောဖြူလေး at Jun 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment