Professional Authors

ကျောက်ဆစ်ရုပ်လွှာ – နရီထက်

လွင့်ပြင်မှာ မျော

မိုးသား ခေါ်နိုး

ရာသီပတ်ဝန်း

လွင့်မျောရချေပြီး

သခင်ခေါ်ရာ

သက်သွင်းဖို့လာ

ထုဆစ်ကြွေလွှာ

ရုပ်တစစနှင့်

သခင်မှာလည်း သွေးစတွေ

ငါမှာလည်း မျက်ရည်တွေ

စိုရွဲလို့ နေချေပြီး

မိုးကျ ဧကရီ

သခင့်လက်ရာနဲ့

ပွဲထူးပါဘိ

တစိမ့်စိမ့်နှင့်

အလှတွေ လွင့်ပျံနေပြီး

တွေးငြိမ့်လို့ စဉ်းစားရာ

ငါ့ နှလုံးသား

သခင့်လက်ဖ၀ါးတွေလား

ငါ့ ဦးနှောက်ကြော

အလှငေးသူ အကြည့်တွင်းလား

ဖြည်းချင်းနီးနေတဲ့

ငါ့ နှုတ်ခမ်းသားက

ပွင့်ဟလို့ ပြုံးနေချေပြီး။    
နရီထက်

၀၄ ဇွန်လ ၂၀၁၃
In: ကဗျာ Posted By: Date: Jul 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment