Professional Authors

ဂျူလိုင် (၂၈)

စိတ်ညစ်စရာတွေ မေ့ပစ်လို့…
ပျော်ရွှင်ခြင်းတွေကို ဖက်တွယ်…
ဒီနေ့က….
ငါတို့ရဲ့ နှစ်ပတ်လည်လေ……….

တစ်နှစ်ထက် တစ်နှစ်….
ပိုပြီး ခိုင်မြဲတဲ့ အချစ်စစ်နဲ့
အခက်အခဲတိုင်းကို မယိမ်းမယိုင် …
အတူတူ ရင်ဆိုင်ကြမယ်နော်…….

ကြုံလာသမျှ….ကိစ္စတိုင်းမှာ….
မပျက်မယွင်း…..
ကိုယ်ချင်းစာစိတ်နဲ့ပဲ…ဖြေရှင်းကြမယ်…….

တစ်ယောက်နဲ့ တစ်ယောက်…
နာကျင်စရာတွေ ဖြေဖျောက်လို့…
တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်…
အမြဲတမ်း..ချစ်ချစ်ခင်ခင်ပေါ့……

လူသားဘ၀ရဲ့…..
မပြည့်ဝတဲ့ လိုအပ်ချက်တွေထဲ…..
တင်းတိမ်ရောင့်ရဲလို့….
ငါတို့ကမ္ဘာမှာ……
လရောင်ဖြာနေရမယ်……

မတူတဲ့ အမြင်တွေကိုညှိ..
ကိုယ့်ဝတ္တရား ကိုယ်သိလို့….
စွမ်းနိုင်သလောက်ထမ်း….
ဘယ်တော့မှ…
မမောစတမ်းနော်………..

နောင်တစ်ချိန်မှာ…
ပြည့်စုံလှပ….အောင်မြင်တဲ့ ဘ၀တွေရဖို့…..
အတူကြိုးစား…
လက်ချင်းခိုင်ခိုင်တွဲထားကြမယ်…..

ခုချိန်မှာတော့
ဟိုကဗျာလေးထဲကလိုပဲ…
တစ်နေ့နေ့ဖြစ်လာမှာပေါ့….
နော့် …. ရှင်မရယ်……………….။

လေးညှို့ရှင်
(၂၂.၇.၂၀၁၃)
12:31 PM

In: ကဗျာ Posted By: Date: Jul 22, 2013
Comment #1

တစ်နေ့နေ့ဖြစ်လာမှာပေါ့….
နော့် …. ရှင်မရယ်……………….။

ချစ်သူကောင်မလေးအတွက် အားတက်စရာ အခေါ်အဝေါ်လေးပဲ…

ကဗျာလေးကြိုက်တယ်

commentinfo By: အသဲကွဲ မိုး at Aug 16, 2013
Comment #2

အားပေးတဲ့အတွက် ကျေးဇူးပါ အသဲကွဲမိုး

commentinfo By: laynhyotshin at Aug 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment