Professional Authors

” မှာတမ်းစကား (သို့) အတွက် …ချစ်သူ ”

ဘယ်လို မိုးသက်မုန်တိုင်း က

နင့်မျက်ဝန်းကို စွတ်စိုစေရတာလဲ

ဒါ … ကျရှုံးခန်း မှမဟုတ်တာ ချစ်သူ …

လောက စာမျက်နှာ ဆိုတာ

ဘယ်သူ့ အတွက်မှ

မှင်နီခြစ်ရာ မလွတ်ပါဘူးကွယ် …

ငါ့လက်ကို ဖမ်းဆုပ်ထားလိုက်စမ်းပါ

ဒီလောက် အလင်္ကာ ကြမ်းတဲ့တေး

ြံပုံးပြုံးလေးဆို ပြလိုက်ရအောင် …

အိပ်မက်ဖူးတွေ ဆွတ်ခူးခံရရုံနဲ့တော့

လောကဓံ ရှေ့မှောက်မှာ

ဒူးမထောက်နိုင်ပါဘူး …

လာမယ့် မနက်ဖြန်ခါဆို

အိပ်မက်တွေ တစ်တောလုံးထမ်းပြီး

ငါ နင့် ဆီ လှမ်းလာခဲ့မယ် …

(ဘီလူးကြမ်းတို့ စောင့်လိုက စောင့်စေ) ။   ။

                                                             ဂျစ်တူး(ထားဝယ်) 

In: ကဗျာ Posted By: Date: Nov 1, 2012
Comment #1

mike de.
kyike de,

commentinfo By: ei lay at Nov 1, 2012
Comment #2

ei lay ….ka tot myan tal byar ..:P

commentinfo By: Gipp Tuu at Nov 1, 2012
Comment #3

he,,he,,
😛
hote
kyike yin kyike de myan myan pyaw pyit like dar be.

commentinfo By: ei lay at Nov 1, 2012
Comment #4

ကျနော်က ဖြင့် edit လုပ်တုန်းရှိသေးတယ် …
ei lay cmt က ရေးပြီးနေပြီ …. 🙂
ကျေးဇူးပါဗျာ … စိတ်ညစ်ခံပြီးဖတ်ပေးလို့ 😛

commentinfo By: Gipp Tuu at Nov 1, 2012
Comment #5

ကြိုက်တယ်…
ခံစားအားပေးသွားပါတယ်…

commentinfo By: ချမ်းငြိမ်းအောင် at Nov 2, 2012
Comment #6

သိပ်ကောင်းပါတယ်ဗျာ

commentinfo By: Ko Zay at Jun 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment