Professional Authors

မသိခဲ့သော…

ငါ့ရင်ထဲကို မဖိတ်ခေါ်ပဲ ငါမသိလိုက်ခင်မှာ နင်တိတ်ဆိတ်စွာရောက်လာခဲ့တယ်..
ငါသိလိုက်ရတဲ့အချိန်မှာတော့ နင်က ငါနဲ့ဝေးရာကို ရောက်နေခဲ့ပြီ…
ငါက မိုနာလီဇာရဲ့အပြုံးလိုလည်း နင့်ကိုမစွဲဆောင်နိုင်ခဲ့ပါဘူး..
ပဲရစ်စလေရဲ့ ဂီတသံစဉ်တွေလိုလည်း နင်ကြည်နူးဖို့ မဖန်တီးနိုင်ပါဘူး…
ရော်ဘင်နတ်တဂိုးရဲ့ အချစ်ကဗျာတွေလိုလည်း နင့်ကိုမယစ်မူးစေနိုင်ခဲ့ဘူး…
ဒါပေမယ့် မိုနာလီဇာအပြုံးထက် လှပတဲ့ နင့်အတွက် ငါ့ရဲ့နှလုံးသား
ပဲရစ်စလေရဲ့ ဂီတသံစဉ်တွေထက် ငြိမ့်ညောင်းတဲ့ ငါ့ နှလုံးသားရဲ့သံစဉ်တွေ
တဂိုးရဲ့ အချစ်ကဗျာတွေထက် ယစ်မူးဖို့ကောင်းတဲ့ ငါ့နှလုံးသားရဲ့ ကဗျာတွေကို
နင်မှ မမြင်တတ် မကြားတတ် မဖတ်တတ်ခဲ့တာပဲလေ….
In: ကဗျာ Posted By: Date: Nov 25, 2011
Comment #1

အားပေးသွားတယ်ဗျ

commentinfo By: moehtetaung18 at Nov 26, 2011
Comment #2

taw taw nyant loh nay me naw…
pya de thu ka pya nay tar ko lone wa ma myin bu so dot lay…
he,,he,,
ei lay lo nga tone pe htin de.

commentinfo By: ei lay at Nov 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment