Professional Authors

“အလွမ်း”

-“အချစ်”တဲ့

 ငါ့“ဒိုင်ယာရီ”မှာ

 သတ်ပုံမှားဆဲပဲ။…..။

-ငါ့“ဘ၀”ကို

 တစ်ရွက်ချင်း

 လှန်နေရင်းနဲ့ပဲ

 “ဧ၀”အဖြစ်

 အယောင်ဆောင်ကာ

 နင်….၀င်လာခဲ့တယ်။…..။

-ဒီ“အာဒံ”ရဲ့

 အိမ်မက်ထဲ

“အဆိပ်ပန်းသီး”ကို

 အပြုံးတစ်ပွင့်”ခြွေရင်း

 ပေးခဲ့တယ်။…..။

-နင့်“မျက်လုံး”တွေကို

“လိမ်”ဖို့

 ဒီအပြုံး”ကိုပဲ

“မျက်နှဖုံး”လုပ်ခဲ့တယ်။…..။

-ငါ့“ရိုးသားမှု”ကို

 စားသုံးခဲ့တဲ့

 နင်“စကား”တွေက

“မယာ”တွေပဲ

 ပြောတတ်ခဲ့တာလားကွာ။…..။

-“အိမ်မက်ဆိုး”

 တစ်ခုအဖြစ်

 မဆုတောင်းတော့ပါဘူး။…..။

 ငါ“ခင်း”ခဲ့လို့

 ဒီ“လမ်း”ကို

 နင်“နင်း”ခဲ့တာပဲ။…..။

-အခုတော့လေ……….

 နင့်“အမုန်း”တွေက

 ဒီလူ့

“သွေးကြော”ထဲ

 လည်နေခဲ့ပါပြီ။…..။

-ဒီရင်မှာ

 ပြသဖို့အတွက်

“ဆောင်ပုဒ်”တစ်ခု

 တိုးခဲ့ပါပြီကွာ………

 ထိုအရာကတော့……….

“အလွမ်း”တဲ့။…..။      (ရိန်မင်း)

In: ကဗျာ Posted By: Date: Jun 12, 2010
Comment #1

ကောင်းတယ်ဗျာ ကဗျာက
တိကျတယ်…
ဒါပေမဲ့ မကောင်းတာတစ်ခုက
နောက်ဆုံး ဆောင်ပုဒ်ပဲ
အလွမ်းတဲ့ . …
လွမ်းတာ မကောင်းဘူး .. ..။။

commentinfo By: barnay at Jun 12, 2010
Comment #2

အ၇မ်းကောင်းပါတယ်။ခံစားချက်အပြည်.ပဲနော်

commentinfo By: သျှားလင်းလက် at Jun 12, 2010
Comment #3

စကားလုံးအထားအသိုလှတယ်ဗျာ!

commentinfo By: ပုထုဇ၁ု at Jun 13, 2010
Comment #4

ခုလို comment တွေပေးသွားတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်။ နောက်လည်းဝေဖန်ပေးပါဦးဗျာ။

commentinfo By: Reinminn at Jun 14, 2010
Comment #5

နင်အရမ်းတော်တာပဲဟာ……
ငါအမြဲအားပေးနေမယ်နော်

commentinfo By: homerungirl1 at Jan 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment