Professional Authors

ဓားတစ်လက်က ဓားတစ်လက်ကို နှုတ်ဆက်ခွဲခွာတဲ့အခါ..

ရင်ဘတ်ထဲကကြယ်တွေကြွေတာကြည့်ရင်း

အိပ်ရာစောစောဝင်ခဲ့တယ်.။  ။

 

အာသီသမရှိတော့

ပြုံးဖို့ကို အနိုင်နိုင်ရယ်..

အက်သံတွေလူမြင်မှာစိုးတယ်..

သဲ့သဲ့လေးတောင် မရယ်ချင်တော့ဘူး…

 

.စိတ်ဓာတ်မကျဖို့အားတင်းရင်းး

သက်ပြင်းတွေ အမြဲတမ်းချဖြစ်တယ်..

နေရလဲ အနှစ်ခြောက်ဆယ်ပေါ့ကွယ်…

 

ခရမ်းရောင်တွေပွင့်တဲ့လွင်ပြင်မှာ

ဖြတ်အနင်းခံခဲ့ရဖူးတယ်..

ဒါလဲ..အတွေ့အကြုံပေါ့

ငါ ကျေနပ်ပါတယ်..

 

ဝမ်းနည်းသလိုလို  အားလပ်ရက်တွေထဲ

ဓာတ်ပုံတွေအများကြီးရိုက်မယ်.

.အဲဒါ သိပ်မိုက်တယ်လေ….

ပြီးရင် ပြောမယ် ငါပျော်နေပါတယ်..လို့..

 

အပြစ်များများတင်ချင်ရင် 

အပြစ်နည်းနည်းလျော့အောင်နေ…

စကားများများပြောချင်ရင်

အသံများများကြားပါစေ….

 

စိတ်စေရာ ပုဒ်စာတွေချည်း ဖတ်မနေစေချင်ဘူး.

ဗီလိန်ဖြစ်ဖြစ်…မင်းသမီးဖြစ်ဖြစ်..

သူတို့ရတာ ရွှေစင်ဆုတွေချည်းပဲ….

 

ညအိပ်ခါနီးတိုင်း မျက်နှာသစ်ပါ..ပလုတ်ကျင်းပါ..

ညလိမ်းအလှဆီလူးပါ..နောက်ဆုံးမှာ

ကိုယ့်လိပ်ပြာကိုယ်စစ်ပါ…

ဘုရားရှိခိုးတိုင်းတော့ အပြစ်ကင်းမှာမဟုတ်ဘူး…လေ..

 

ရင်ဘတ်ထဲကကြယ်တွေကြွေတာကြည့်ရင်း

အိပ်ရာစောစောဝင်ခဲ့တယ်.။  ။

 

ခေးလ

၈ ၀၅ ၂၀၁၂

In: ကဗျာ Posted By: Date: Jun 17, 2013
Comment #1

စိတ်စေရာ ပုဒ်စာတွေချည်း ဖတ်မနေစေချင်ဘူး.

ဗီလိန်ဖြစ်ဖြစ်…မင်းသမီးဖြစ်ဖြစ်..

သူတို့ရတာ ရွှေစင်ဆုတွေချည်းပဲ….

ညအိပ်ခါနီးတိုင်း မျက်နှာသစ်ပါ..ပလုတ်ကျင်းပါ..

ညလိမ်းအလှဆီလူးပါ..နောက်ဆုံးမှာ

ကိုယ့်လိပ်ပြာကိုယ်စစ်ပါ…

ဘုရားရှိခိုးတိုင်းတော့ အပြစ်ကင်းမှာမဟုတ်ဘူး…လေ..

ရင်ဘတ်ထဲကကြယ်တွေကြွေတာကြည့်ရင်း

အိပ်ရာစောစောဝင်ခဲ့တယ်.။ ။

ြိကိုက်တယ် ထပ်တူပဲ

commentinfo By: အသဲကွဲ မိုး at Jun 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment