Professional Authors

ကျွန်တော့်ရဲ့ မိုးတိမ်

ကျွန်တော်ရဲ့မိုးတိမ်…

ဖြူလွှလွှရယ်လား…

မဟုတ်ရဘူး …

သူက မီးခိုးရောင်ရယ်ပါ…

ကျွန်တော့်မျက်ရည်တွေ သိမ်းဆည်းထားတော့ …

သူလည်း မောမပေါ့ …

ကျွန်တော့အတွက်တော့…သူက ကော်ဖီရဲ့ အကောင်းဆုံးသူငယ်ချင်း….

တစ်ခါတစ်လေ သူရောက်လာတော့ …

ပျော်ရွှင်သူက ကခုန်တယ် …

မလိုသူက … ဘာရယ်ညာရယ်ပေါ့…

ကော်ဖီခွက်ကတော့ နွေးတုန်းပဲ …

ကျွန်တော်လည်း … အတွေးမဆုံးသေးတဲ့ သူ့ ကကြိုးတွေကြားမှာ…

ငေးမောနေမြဲ…. ပြုံးနေမြဲ….

ပျော်နေပါစေ…ကျွန်တော့်ရဲ့မိုးတိမ်…

နောက်တစ်ခေါက်တွေ့ ရင် … 

စိတ်ကူးကမ္ဘာ ခေါ်လာခဲ့ပါဦး…

ကျွန်တော်ချစ်တဲ့မိုးတိမ်….

In: ကဗျာ Posted By: Date: Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment