Professional Authors

ဓားသတ်ပန်း (Sword-Killer Flower)

 

 

ကျွန်တော်သည်

ဓားကိုင်ထားသောသူဖြစ်၏။

ချစ်သူက

 လက်ဝါးဖြန့်၍

သူမထံမှပန်းကိုကမ်းသည်။

 

ချစ်သူ၏လက်နက်သည် ပန်း

ကျွန်တော်၏လက်နက်က ဓား

ကစားပွဲမှာ ကျွန်တော်သေသည်.။

 

ကျွန်တော်က

ဓားကိုလွှတ်ချ၍

ပန်းကိုလှမ်းခိုက်

ချစ်သူက ပန်းကိုလွှတ်ချ၍

ကျွန်တော့အား ဓားနှင့်စိုက်လိုက်သည်။

 

ပန်းကိုကိုင်လျက်

ဓားအကြောင်းတွေးသူသည်

နိုင်၍

ဓားကိုကိုင်လျက်

ပန်းအကြောင်းတွေးသူသည်

သေလူဖြစ်ပါသည်.။

 

သွဲ့သွဲ့

(ဘော်ဒါကြီးအတွက် လက်ဆောင် :P)

In: ကဗျာ Posted By: Date: Jun 10, 2013
Comment #1

မိုက်

commentinfo By: ဇော်သက်ဦး at Jun 10, 2013
Comment #2

တိန်. .သေဟ

ဖဲဝိုင်းကဒေါသတွေ ငါ့ပေါ်လာကျတာကိုး 😛

commentinfo By: 13th at Jun 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment