Professional Authors

“လက်ကျန်ရှင်းတမ်း”

တိမ်တောင်တွေကျယ်လိုက်သပ

ညနေခင်းများသာသာယာယာ

ရာသီစာချိုမြ

သတို့သားဖြစ်ခါနီးမှ လူတကာကိုအမောတကောပြုံးပြ

မကြာမကြာ ဝမ်းလာလာချတဲ့ ပျားရည်တို့ရေ

တစ်ခါချုပ်ဖို့အရေး ထုံဆေးတို့ ထပ်ခါထပ်ခါ

အညှီရှိရာလာကြယင်ကောင်တွေ

စိတ်ရှိ လက်မရှိ

ယပ်နဲ့ ယပ်ကြည့်

မတ်တတ် ရပ်ကြည့်

လက်နဲ့ ယက်ကြည့်

လျှာနဲ့ လျက်ကြည့်

နေ့လ ရက်ကြည့်

ယပ်လေညှီလေ ရပ်လေမြင်လေ  ယက်လေပေါ်လေ  လျက်လေခါးလေ

နေ့ရက်တွေချာချာလည်

ညတာတွေရှည်ပဲရှည်နိုင်လွန်း

ငါတို့ ဥယျာဉ်ထဲက အမြစ်ပုပ်ပင်တွေ

ကုန်စင်အောင်ကျွတ်ထွက်ဖို့

နာနာတူးလိုက်ကြ   စိတ်ရှည်လက်ရှည်……

 

                   (သုဆက်လင်း)

In: ကဗျာ Posted By: Date: Jun 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment