Professional Authors

အရှုံးရဲ့လက်ကျန် …. မာန

ငါက ငါ့သမိုင်းငါ ခပ်ကြမ်းကြမ်းရေးချင်တဲ့သူ

နင့်လဲအဖော်မခေါ်မိပါလား ကံတရားရယ်

 

အားမနာတတ်တဲ့နင်နဲ့ ဂရုမစိုက်တတ်တဲ့ငါ

ငါတို့တွေ့ဆုံမှုက ဒီအချိန်ပဲ ရှော့ရှိလာတာ

 

ငါ့စိန်ခေါ်မှုကို င့ါကျဆုံးမှုလို့

နင်လဲလှယ်ပေးလိုက်တာလား

 

နင်မသိလို့နော် ငါကဒေါသထွက်တာတာင်

ခပ်ကျယ်ကျယ်အော်ရီ(ရယ်)တတ်တဲ့သူ

 

ကျေးဇူးပြုပြီးမလှောင်ပါနဲ့

နင့်ကြောင့်ကြောင်ကြောင်နေရတဲ့ရက်များနေပြီ

 

ကံတရားလို့တဖွဖွရေရွတ်

ငါက နင်ပြုံးတိုင်း ကျရှုံးရမှာလား

 

ဒါတွေကငါ့အတွက်တရားလား

ငါလက်ခံရမယ့် ငါ့ရဲ့အမှားလား

 

ပညတ်တိုင်းကိုလိုက်နာတတ်မယ်ဆို

သေချာတယ် နှစ်ဆယ့်တစ်ရာစုရဲ့သတို့သမီးက..ငါမဟုတ်ဘူး

 

 

In: ကဗျာ Posted By: Date: Jun 22, 2011
Comment #1

နင်မသိလို့နော် ငါကဒေါသထွက်တာတာင်

ခပ်ကျယ်ကျယ်အော်ရီ(ရယ်)တတ်တဲ့သူ

commentinfo By: poem.poem28 at Jun 23, 2011
Comment #2

နင်မသိလို့နော် ငါကဒေါသထွက်တာတာင်

ခပ်ကျယ်ကျယ်အော်ရီ(ရယ်)တတ်တဲ့သူ

သေချာတယ် နှစ်ဆယ့်တစ်ရာစုရဲ့ သတို့သမီးက … ။

Comment #3

သတို့သမီးက ငါမဟုတ်ဘူး

commentinfo By: မေပျို at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment