Professional Authors

“………………………………”

မှတ်မှတ်ရရ အဲဒိနေ့ကငါ့အတွက်မိုးပြိုတဲ့နေ့
နင်ဟာငါမဟုတ်တဲ့ တခြားသူတစ်ယောက်ကိုမျှော်လင့်နေတာတဲ့  ။
အခန်းထောင့်တစ်နေရာမှာ တစ်ကိုယ်တည်းငိုကျွေးရင်း
ခေါင်းအုံးပေါ်မှာမှောက်အိပ် မိုးစင်စင်လင်းခဲ့ရတဲ့ညတွေ
ဒါတွေကိုထားလိုက်ပါတော့
ငါ့အချစ်က မင်းအတွက်မလိုအပ်ဘူး ဆိုပေမဲ့
တစ်ကိုယ်တော်ကြိတ်မှိတ်ခံစားရတဲ့ ဒီအကြောင်းတွေကို
“အသည်းကွဲခြင်း”လို့ခေါင်းစဉ်တပ်ပိုင်ခွင့်မရှိတဲ့
အပယ်ခံငါ့ဘ၀ ဒီကဗျာခေါင်းစဉ်
နင်ပဲပေးပါတော့လားဟာ  ။

In: ကဗျာ Posted By: Date: Jun 8, 2013
Comment #1

တိုက်ဆိုင်လွန်းလို့ နှစ်သက်မိပါတယ်… ကိုယ်မပြုခဲ့တဲ့အပြုအမူအတွက်
ရရှိလာတဲ့တန်ပြန်မှုက မတန်ခဲ့ပါဘူး…

လေးစားလျက်…

commentinfo By: မင်းကိုချစ်တဲ့သူ at Jun 8, 2013
Comment #2

နင့်အတွက်ငါက နန်းမထိုက်တဲ့ ပန်းရိုင်း လို့ပဲ ပေးမိပါတယ်။ စဉ်းစားမိတာလေးပါ။ ကဗျာလေးတိုက်ဆိုင်ပါတယ်။ အားပေးလျက်

commentinfo By: ဇော်သက်ဦး at Jun 9, 2013
Comment #3

တုက်ဆိုင်ပါသည်။

commentinfo By: Blueskymoe at Jun 10, 2013
Comment #4

ကျေးဇူးတင်လျက်ပါ…..

commentinfo By: shwe sin at Jun 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment