Professional Authors

wanna listen of my heart

မင်းအတွက်ဆိုငါ့မှာ ဘာမဆိုအကုန်ပေးဆပ်ခဲ့တယ်
ငါ့ဘက်ကမင်းကို အများကြီးပေးဆပ်တားပေမဲ့
ဒါပေမဲ့မင်းဆီကငါပြန်ရတာတော့ လယ်ယာမြေသိမ်းခံရတဲ့လယ်သမားတွေလိုပါပဲ
မင်းဆီကိုအကြောင်းညီညွတ်စွာနဲ့ ဘောင်းဘီချွတ်ပြိးရေးသောစာတွေကို
မင်းကချက်စား….အဲ့ဟုတ်ပါဘူး ……..မီးရှို့ပြစ်တယ်
မင်းပေးတဲ့စာကလေးတွေကိုတော့ ငါလွှတ်ပေးလိုက်တယ်
မင်းနဲ့ငါပေါင်းရဖို့ဆိုတော့      မင်းသိတဲ့အတိုင်းမီးကမလာဘူး
ပေါင်းအိုးကလဲပျက်နေတယ်……………………
မင်းအတွက်တဲ့……..ငါ့ဘက်ကတော့မင်းကိုအမြဲမီးမလာလဲမီတာဆောင်နေရသလိုပဲ
မင်းဘက်ကတော့……..ငါ့ကိုလျှပ်စစ်မီးလိုပဲစိတ်ရရင်လာ၊စိတ်မရရင်ပျက်
ဒါပေမဲ့ငါကမြန်မာနိုင်ငံသားဆိုတော့မင်းပေးတဲ့ဒုက္ခကိုရင်စီးပြီးခံနိုင်ပါတယ်
ငါဘက်ကတော့မင်းဆီကအဖြေကို……………
facebookအကောင့်လော့ချခံရသူတစ်ယောက်ကိုမင်းဆီကိုတောင်းမိမှာပဲ
မင်းမရှိရင်ငါ့ဝဟာ…………လိုင်စင်မရှိတဲ့ကား၊မီးမလာတဲ့ည၊ကောနက်ရှင်မကောင်းတဲ့နေ့လိုအမြဲတမ်းစိတ်ညစ်နေရသူပါ
မင်းမယုံရင်လဲ…………….မင်းကိုပြမယ်
မကြည့်ရဲဘူးဆိုလဲပြမှာပဲ …………………ငါ့ရင်ထဲကအချစ်တွေကိုပေါ့
မင်းဆီကိုငါကလာချင်ပေမဲ့လည်း……မင်းဆီကအတာအဆီးတွေကဟိုင်းဝေးလမ်းမကtool ဂိတ်တွေလိုပါပဲ
အရမ်းများတယ်……….မင်းကိုငါချစ်တဲ့အတွက်မင်းငါ့ကိုပြန်ချစ်ပါ
အုန်းချစ်နဲ့……………….:P

In: ကဗျာ Posted By: Date: Jun 3, 2013
Comment #1

good ! nice!
ei lay

commentinfo By: liyonardo at Jun 3, 2013
Comment #2

😛

commentinfo By: ei lay at Jun 4, 2013
Comment #3

မိုက်တယ်ကွာဒါပေမယ့်ကြည့်ရဲဘူး

commentinfo By: EP at Jun 4, 2013
Comment #4

haha funny

commentinfo By: cynthia at Jun 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment