Professional Authors

ဒ ဏ္ဏာ ရီ ထဲ မှာ ပြ န် ရှာ ခဲ့ တ ယ် မာ ယာ

ကောင်းကင်က အပ်တစ်စင်းနဲ့ မြေပြင် အပ်တစ်စင်း
အပြန်အလှန် စီးချင်း ထိုးနေတာမဟုတ်ဘူး မာယာ
နင်မျက်ဝန်းက နေ အကြည့်တစ်ချက် ဖျတ်ခနဲလှည့်အကြည့်
ငါ့ နှလုံးသား ဆတ်ခနဲ ကြွေကျသွားတယ်
ကျေးဇူးပြုပြီး နောက်ပြန်မလှည့်လိုက်ပါနဲ့
လာပါကွယ်
ငါတို့ မျက်နှာချင်းဆိုင် ရူးသွပ်ကြရအောင်ပါ။

ဘယ်မန္တာန် ဂါထာတွေနဲ့ မှ လုပ်ကြံ ဖန်တီးထားလို့ မှမရတာပဲ
ဆန်ကျင်ရင်း နစ်မြုပ်သွားတဲ့
အသက်မဲ့ စကားလုံးတွေလည်း ပြန်မဆယ်တော့ဘူး
ကိုယ့် ကိုယ်ကို သွန်လိုက် မှောက်လိုက်နဲ့
ဒဏ်ရာတွေပဲ ထွက်ကျလာတယ်
ထားရစ် ခဲ့ပါ မာယာ
ငါ တည်းတဲ လေးပဲကျန်တဲ့အထိ
ထပ်တလဲလဲ
ဆက်ပြီး အက်ကွဲပါ့မယ်။

ငါ့ကိုယ်ငါ ပြန်ပြီး တိုင်းတာကြည့်မိတယ်
ငါဟာ ဘယ်လောက် ရှည်လျားတဲ့ ခရီးကို ဆက်ခဲ့ပြီလဲ
သေချာတာ တစ်ခုက အိုအေစစ် မရှိဘူးး
ဟူးးးးးးးးးးးးးးးးး မောလိုက်တာ မာယာ
မတန်ဘူး ရူးခဲ့တာတော့ အမှန်ပါပဲ
နင်လည်း ငါ့ကို ” ချ စ် တ ယ် ” လို့ ပြောခဲ့သင့်ဘူး
ဒါပါပဲ
နောက်ဆုံးတော့ အရှုံး ဆိုတဲ့အရာက
သူရူးတစ်ယောက်ရဲ့ မျက်ရည်ကို သောက်သုံးသွားတယ်
ငါဟာ ထာဝရ
ဟောဒီ မျက်ဝန်းရဲ့ စိုစွတ်ခြင်းတွေပဲ ရတယ်။

နင့်ကို ချည်နှောင်ဖို့ ကြိုးစားရင်း
နင့် ရုပ်သေးရုပ်က ငါဖြစ်သွားတယ်
ရက်စက် ပစ်လိုက်စမ်းပါ မာယာ
နင် ကြိုးစွဲသမျှ ငါ က မယ်။

နင်းအတွက်နဲ့ နစ်မြုပ် ရင်း ရူးသွပ်နေခဲ့တာ
ငါ့ကိုယ်ငါတောင် ပြန်ဆယ်လို့ မရတော့ဘူး
နင် သတိထားမိမယ် မထင်ပါဘူး မာယာ ရယ်
နင် မော့မကြည့် ဖြစ်လိုက်တဲ့ ကောင်းကင်မှာ
တိမ်တွေ ညိုတာတွေ့မယ်
တိမ်တွေ ငိုတာတွေ့မယ်
ပြီးတော့…..
မျက်ရည်တွေ နဲ့ လက်ပစ်ကူးနေတဲ့ ငါ့ကို တွေ့လိမ့်မယ်
စိတ် ခိုင်ခိုင်ထားပြီး ငါ့ကို ရေနစ်သူ ဝါးကူထိုးပါ
အဲ့ဒီအခါကျရင် နင် အချစ်ရဲ့ အတိမ်အနက်ကို သိလာလိမ့်မယ်။

ငါဟာ အိပ်မက်တွေ လိုက်တူးနေတဲ့ မြေခွေးတစ်ကောင်ပါ
ငါတို့ရဲ့ နှစ်မြုပ်ခဲ့တဲ့ အိမ်မက်တွေ ပြန်လည် တူးဖော်ရင်း
လက်ပန်းကျ မောဟိုက်ခဲ့ရပြီ မာယာ
ဒီတစ်ခါ ငါကဗျာရေးရင် နင်အကြောင်း မပါမိဖို့ကို ဆုတောင်းပါရဲ့
ဒါပေမယ့် ငါဟာ ဖြစ်ချင်ခဲ့တာတွေကို ကျူး
ဖြစ်သင့်တာတွေကို ရူးစေခဲ့ပြီးပြီ
ေ နာ က်ြ ပ န် မ လှည့်ေ တာ့  ဘူး
အသည်းကွဲ သူ တစ်ဦးရဲ့ အထီးကျန် မိုက်မဲမှုတွေပါ
ဒါကြောင့်မို့ ငါတို့ရဲ့ အမှတ်ရစေခဲ့ခြင်းတွေကို
ဒ ဏ္ဏာ ရီ ထဲ မှာ ပြန် ရှာ ရ အောင် . . . . .
ဒ ဏ္ဏာ ရီ ထဲမှာ ပြန် ရှာ မယ် . . . . .
ဒ ဏ္ဏာ ရီ ထဲ မှာ ပြန် ရှာ ခဲ့ တယ် . . . . .။ ။

                                      ဇော်သက်ဦး

In: ကဗျာ Posted By: Date: May 27, 2013
Comment #1

တွေ့ပါစေရှင်

commentinfo By: မေပျို at May 27, 2013
Comment #2

အားပေးလျှက်ပါ

commentinfo By: shinelalin at May 28, 2013
Comment #3

နှလုံးသားနှင့်ခံစားသွားပါသည်။
ရေရေလည်လည်ကြိုပါသည်။က

commentinfo By: ei lay at May 28, 2013
Comment #4

ကျေးဇူးပါ မ မေပျို ကစလို့ အိလေး အဆုံးပါ။ 🙂

commentinfo By: အရိပ် at May 28, 2013
Comment #5

ဟင်
ဒါဆို အိ ကဘိတ်ချေးပေါ့
🙁

commentinfo By: ei lay at May 28, 2013
Comment #6

ဟုတ်ဘူးလေ။ ဒီသုံးယောက်မှာ အိက နောက်ဆုံးမို့ အခုလိုရေးတာပါ။ ကျေးဇူးကတော့ တပြိုင်တည်း တင်လိုက်ပါတဟ်။ 😛 ဒေါ်ဒေါ် အိ ကျေနပ်ပါဗျာာ။

commentinfo By: အရိပ် at May 28, 2013
Comment #7

ဒါဆိုရင်လည်းးးးးးး
ဟုတ်ကဲ့

commentinfo By: ei lay at May 28, 2013
Comment #8

ဒါ ဆို ရင် လည်းးးးးးး
ဟုတ်ကဲ့

commentinfo By: ei lay at May 28, 2013
Comment #9

😛

commentinfo By: အရိပ် at May 28, 2013
Comment #10

အရမ်းကြိုက်တယ်ဗျာ … 🙂

commentinfo By: loafer at May 29, 2013
Comment #11

မတွေ့တာ ကြာပြီ ကို Loafer။ အခုလို အားပေးတဲ့အတွက်ကျေးဇူးပါဗျာာ။

commentinfo By: အရိပ် at May 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment