Professional Authors

သွေးစက်တို့၏ အရှုံး….

တိတ်တိတ် ကလေးပါပဲ
ငါငိုခဲ့ဖူးတယ်
နှလုံးသားရဲ့သွေးစက်တွေက
မျက်ရည်အသွင် ပြောင်းလို့ပေါ့…..
တိတ်တဆိတ် ပါပဲ
ငါရှုံးနိမ့်ခဲ့ဖူးတယ်
မုန်တိုင်းကြားက ငှက်တကောင်
တောင်ပံတစ်စုံ ဆုံးရှုံးခဲ့သလိုပေါ့…..
ခံရပါများတော့ နှလုံးသားလည်း လုံးပါးပါးခဲ့ပြီ…..
ပင့်သတ်တွေနဲ့ ရှင်သန်ခဲ့ရတဲ့ ငါ့ဘဝ
အသက်ရှူဖို့တောင် မေ့လျော့ခဲ့ပြီပဲ…..
တစ်ချိန်မှာ အရှုံးတွေကို အရာင်ပြောင်းဖို့
မင်းနဲ့ငါ ဒီဘ၀ထဲမှာ
မလွှဲမသွေ ပြန်ဆုံကြရဦးမှာပါ……….။    ။

In: ကဗျာ Posted By: Date: May 19, 2013
Comment #1

တိတ်တိတ် ကလေးပါပဲ
ငါငိုခဲ့ဖူးတယ်

commentinfo By: mayviolet at May 19, 2013
Comment #2

ရင်ထဲမှာ ခံစားရလွန်း
နေ. နဲ. ည
ငိုကြွေးခဲ့ရ တမ်းတခဲ့ရ
ငါ့ဘ၀ အလိုအပ်ဆုံးက
မင်းတစ်ယောက်သာ…..

မျှော်လင့်နေခဲ့ရ
အရင်လို ချိန်မှာ
မသာယာ ပေမဲ့
မင်းနဲ.တူ ရှိနေတဲ့တွက်
ငါ ပျော်ခဲ့ရတယ်……

အရင်လို ဟိုး ချိန်တွေ
ခု ငါမရနိုင် ခံစားခဲ့ရ
အရင်က အချိန်တွေထက်
ခု ပိုပို ခံစားလာ
ရင်ထဲမှာ နာကျင်မဆုံး ပါ……

ကြင်နာသူ ရက်စက်တဲ့ ဘဝ
ဘယ်သူပျော် နိုင်မလဲ
မျှော်လင့်ချက်တွေ ဆုံး
အိမ်မက်တွေ ရှာမတွေ.နိုင်
ညအမှောင်မှာ
လမ်းပျောက်နေခဲ့ပြီ
င့ါတစ်ယောက်တည်း…….
Z . mc

commentinfo By: မောင်ကျင့် at May 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment