Professional Authors

အိမ်မက်ဆိုးကိုမက်လိုက်ရာ

ကိုယ့်ပိုင်တာကိုပြန်ကြိုက်
လူမိုက်တော့မဟုတ်ဘူး
စရိုက်တွေပြင်ရင်တော့
ဟင်းတော့ပေါ့သွားမယ်
ဒါပေမယ့် ထမင်းကမာကျောကျော။
အိမ်မက်ဆိုးက မရိုးဘူးထင်တယ်
ဘယ်လောက်ပဲမွှေးမွှေး
သွေးစက်ကရေမဖြစ်နိုင်ဘူး။
လေးလံသွားစေတာတော့
တစ်ခုတည်းပါ
အရာရာပါးစပ်ဖျားက
လက်ခါပြီးထွက်လာတဲ့အခါ
မှတ်မိတာက အိမ်မက်ဆိုး
အိမ်မက်တိုင်းကို လက်ခံလို့မရ
အတွေးတွေကိုစီးမျောသွားတိုင်းမှ
အရိပ်သံစဉ်လေးက ၀ိုးတိုးဝါးတား
အတွေးတွေ လေလွင့်ရင်း
ကြိုးမဲ့စွန်လို ပျံဝဲရင်းနဲ့
အနာဂါတ်ဟာ ဝေဝါးသွား
ပြဿနာအသာထား
ညာတာတွေကို ပြန်တွေးကြည့်တော့
စိတ္တဇပန်းချီကား
သူလည်းဆွဲထား ကိုယ်လည်းဆွဲထား
3 D တစ်ခုလို ရုပ်လုံးကြွ
သူ့ဘက်က လက်ဖဝါး
ကိုယ့်ဘက်ကလက်ဖမိုး ဆန့်ကျင်စေခဲ့
ဆန့်ကျင်ဘက်ကာရန်တစ်ပုဒ်
အကာမရှိအယံမရှိ ပကတိအတိုင်းသာဆိုရင်
အနှစ်မရှိတဲ့အိမ်မက်ကို
မက်မိတယ်လို့ထင်မိသလားဗျာ။
ဟင်းလင်းပြင်တစ်ခုလို
လွင့်မျောခြင်းတိမ်တိုက်လိုဒီတိုင်းသာဆိုရင်
မျက်ရည်တွေပင်လယ်ဖြစ်တော့မယ်
တစ်စက်စက်နဲ့ကျ တိုးလျိုးပေါက်ကလေးတစ်ခုအလား
ဝင်မရထွက်မရခံစားလို့ရသမျှဟာ
ငါ့ရင်ဘတ်ကြီးထဲ ပစ်ပစ်ထည့်ရင်း
နောက်ဆုံးဆိုတဲ့အထိ မရောက်နိုင်သေးဘူးအချိန်ဆိုတဲ့အကန့်အသတ်နဲ့
ကောင်းကင်ပြာကို ရေးခြစ်ကြည့်လိုက်တယ်
အနားသတ်ကို ရှာမရခဲ့အဆုံး
တိမ်တွေကိုမွေနှောက်ရင်း ပင်လယ်ခုန်ဆင်းခဲ့
ပလုံဆိုပြီး တိတ်ဆိတ်သွားတဲ့အခါ
အရာအားလုံးအေးစက်သွားလေရဲ့
ပြီးဆုံးသွားပြီလား
မေးခွန်းတွေက ဝေဝါးဆဲ
မျက်စပစ်နေတဲ့ရောင်နီကိုဥက္ခောပြုရင်း
မနက်ခင်းက သွေးနီရောင်လွှမ်းနေလို့
ပင်လယ်မှာဆေးလိုက်တော့
အရောင်ပြာလဲ့လဲ့နဲ့မာယာတွေများပြနေလိုက်တာ
ငါ့မှာတော့ သေကောင်ပေါင်းလည်း ကူးခတ်ရင်း
ကြိုဆိုနေမယ့်သူတွေက
အဆိပ်သင့်လူသားတွေ ဖြစ်နေကြ
ဘယ်လိုရှောင်ပြေးရဘယ်ညာလူးလွန့်ရင်း
မြွေတစ်ကောင်ဖြစ်ခဲ့ရပြန်ပေါ့
ပြဿနာကိုအရင်းနှိုက်ကြည့်တော့
ရေတစ်ခွက်က အဆိပ်တစ်ခွက်ဖြစ်သွား
သခင့်ချစ်ခြင်း မာယာတွေနှင်းအပ်ရင်း
ခြေခြင်းဝတ်တစ်စုံမှာ ကျရှုံးခဲ့တာဆန်းသလားကွယ်
အချစ်ဆန်းတာလား အသစ်လန်းတာလားလို့ မသိပေမယ့်
အိမ်မက်ကတော့ အသုံးဝင်ပါလေစနေလာနှင်းပျောက်
အိမ်မက်ဆိုတာ ဘယ်နေ၇ာမှာမှ ၇ပ်တည်လို့မ၇
စိတ္တဇလိုပါဘဲ
ဟုတ်လေသလား မှားလေသလားဟု
စဉ်းစားကြည့်တော့ အမှန်လည်းမရှိ
တိမ်တွေကိုဖမ်းဆုပ်နေ၇သလို
အေ၇ာင်တွေကမုန်တိုင်းထန်ပြနေပြန
မရှိတဲ့အဇ္ဈတ္တစိတ်ထားတွေက
ဝေ့၀ိုက်ထွက်ပြေးနေလို့ လိုက်ရှာနေရ
မောပန်းနွမ်းနယ်မှုကင်းကင်းနဲ့ မာယာတွေအချိုသတ်၇င်း
ဆိုးဆိုးဝါးဝါးဖြစ်ပျက်သွားတဲ့ ပြဇာတ်တစ်ပုဒ်က
ငါ့ကိုလှောင်ပြောင်နေသလိုလို
ငိုကြွေးခဲ့ပြီးမှ ၇ယ်မောခဲ့၇တဲ့
ကလေးငယ်တစ်ယောက်၇ဲ့
၇ှက်ခြင်းတ၇ားဆီမှာ ခေါင်းစိုက်ချ၇င်းအလှအပလို
ပြောနေတဲ့ ဟန်ဆောင်မှုက
ငါ့ကိုတွန်းထိုးရှောင်ဖယ်နေပါလာ
ဒါဟာ မျိုသိပ်တတ်၇င် ချဉ်ခြင်းတပ်ခဲ့တဲ့
နင့်အတွက် ခါးသီးစွာ၇ပ်တည်ဖို့
လျှပ်တစ်ပြက်နဲ့အရှိန်ဟုန်ပြင်းစွာ ထွက်ပြေးနေရင်း
ဝုန်းကနဲ အိမ်မက်ကလန့်နိုးလာတယ်
ဟားးးးးးအိမ်မက်ဆိုးတွေအတွက်
ညတွေကို ဖြတ်သန်းရဦးမယ်……….။

မိုးကြယ်စင်(PTU)

In: ကဗျာ Posted By: Date: May 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment