နှလုံးသွေးနဲ့ ခြေဆေးသွားပါ
အဆင်မပြေမှုတွေဖြစ်တိုင်း
မငိုတတ်တဲ့ငါက
မခံစားရဘူးလို့ မင်းထင်နေလား
ခံစားရသမျှ 
မျက်ရည်ကျရမယ်ဆိုရင်
ငါ့မျက်ရည်မိုးနဲ့ ကမ္ဘာဆေးလို့ရတယ်
အတ္တများတဲ့ ငါ့အချစ်တွေက 
မင်းအတွက် acid တစ်ခွက်လိုဖြစ်နေခဲ့ရင်
sorry ပါ ချစ်သူ
ငါ့ရင်ခွင်ကမထွက်ခွာခင်
နင်ခြေဆေးဖို့ 
ငါ့နှလုံးသွေးကို ဖောက်ပေးပါရစေ ချစ်သူ…..
Comment #2
!-!
!-!
!-!
                        By: ei lay at May 12, 2013
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
မိုက်တယ်ဗျာ