Professional Authors

နီညိုရောင်လမ်းလေးရဲ့အဝေးမှာ-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Zawgyi-One”,”sans-serif”;
mso-ascii-font-family:Zawgyi-One;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Zawgyi-One;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:Zawgyi-One;
mso-bidi-theme-font:minor-bidi;}

ခက်သယောင်ယောင် ထင်ခဲ့ရတာလား

တိမ်မယောင်ယောင်နဲ့ နက်ခဲ့ရတာလား

အချိန်တန်တော့ အိပ်မက်တွေဟာ ပြိုလဲလို့

ငါ့ရဲ့ အိမ်ငယ်လေးဟာ ကြေကွဲမှောင်မိုက်လို့

အဲ့ဒီ့အချစ်စာမေးပွဲမှာ ငါဟာ ထပ်ဆင့်ရှုံးနိမ့်ခဲ့ရသူ

 

ဆိုပါတော့ငါဟာ

မီးစာကုန်တော့မယ့် ပိုးကြိုးမျှင်လေး ဖြစ်ခဲ့ရင်တောင်

ငါ့နောက်ဆုံးချိန်တွေထိ မင်းကို အလင်းရောင်ပေးသွားဖို့

ကြိုးစားမယ့်လူပါ

မီးတွေပြည့်နေတာကိုမှ မင်းဟာ အလင်းတွေပဲဆိုပြီး

ပွေ့ဖက်ထားခဲ့ရသလား

 

ကလေးရေ

မင်းကို ချစ်ခဲ့လို့ ငါအခါခါ မုန်းတီးခံခဲ့ရတယ်

မင်းကို ပွေ့ပိုက်ခဲ့လို့ ငါအခါခါ နာကျင်ခဲ့ရတယ်

မင်းကို အသက်ဆက်ပေးခဲ့လို့ ငါအခါခါ ရှင်လျက်နဲ့ သေခဲ့ရတယ်

 

ငါဟာ လှည့်ဖျားတတ်သူ ဖြစ်ခဲ့ရင်လည်း အကောင်းသား

ငါဟာ မလှည့်ဖျားတတ်လို့ လှည့်ဖျားခံခဲ့ရတယ်

မင်းဟာ ရိုးသားသူပါ

မင်းဟာ ရိုးသားစွာနဲ့ပဲ ငါ့ကို ဖျော်ချသောက်သုံးလိုက် သူပါ

 

ငါ့မှာ မင်းကိုချစ်တဲ့ စိတ်တွေကြောင့် လောက်မြိုက်ခဲ့ရ

မင်းဟာ ငါ့အချစ်တွေကြောင့် လောင်ကျွမ်းကြေမွခဲ့ရ

မင်းကိုမေးရဦးမယ်

အချစ်ကို ဘယ်လို အဓိပ္ပါယ် သတ်မှတ်ခဲ့ဖူးလဲ

မြန်မြန်ဖြေစမ်းပါ

ငါ့မှာ ခရီးတွေ တနင့်တပိုးကြီး ဆက်ရဦးမယ်ကွဲ့

 

ငါ့ရဲ့ခရီးတွေဟာ

 တစ်ခါတစ်ခါ ထောင်နှုတ်ခမ်းဝကို နင်းသွားလိုက်

တစ်ခါတစ်ခါ သံဆူးကြိုးတွေကို ပြေးမြင်လိုက်

တစ်ခါတစ်ခါ စစ်ကြောရေးစခန်းတွေကို ထွေးပွေ့လိုက်နဲ့

ဘာပဲဖြစ်ဖြစ်မင်းဟာ ငါပေးဆပ်ခဲ့ရသမျှတွေထက်

ငါ့ကို နာကျင်စေခဲ့နိုင်သူပေါ့

 

ကလေးရေ

နီညိုရောင်လမ်းလေးပေါ်မှာ အတူလျှောက်ခဲ့ကြတုန်းက

ရယ်သံခပ်ပါးပါးလေးတွေကို ငါအခု လွမ်းတယ်

မင်းရဲ့ဟိုးအဝေးကြီးက နီညိုရောင်လမ်းလေးမှာ

ငါရှိနေပေမယ့် မင်းရဲ့ နီညိုရောင်လမ်းလေးကိုပဲ ငါတမ်းတတယ်

 

အိမ်နဲ့အဆင်ပြေပါရဲ့လား

မုန့်ဖိုးမှန်မှန်ရပါရဲ့လား

အရင်လိုပြဿနာတွေ တက်တုန်းပဲလား

ဆံပင်ကို ရွှေအိုရောင်တွေ ရဲနေအောင်ဆိုးလိုက်တယ်လို့

ကြားတယ်အရမ်းကို လှပနေမှာပေါ့

 

ငါ့ရဲ့ ဆုတောင်းကတော့

ငါချစ်ရတဲ့ချစ်သူကို ကမ္ဘာမှာ နေပျော်ပါစေသား

ကလေးရေ

နေပျော်ပါရဲ့လား

ကောင်းကင်မှောင်မှောင်ကြီးကို မော်ကြည့်ပြီး မေးရတာ

ရင်ဘတ်နှစ်ခုစာ မောတယ်

 

အချိန်တွေကတော့ တရွေ့ရွေ့နဲ့ ကုန်သွားလိမ့်မယ်

ဒီလိုနဲ့ တို့တွေလည်း တဖြည်းဖြည်းနဲ့ ဝေးလာကြရောပေါ့

ငိုကြွေးခြင်းတွေကို မင်း ဖြေဆည်တတ်သေးမှာ မဟုတ်ဘူး

အနာတရတွေကို မင်း ပွေ့ဖက်တတ်ဦးမှာ မဟုတ်ဘူး

 

သာမာန်အတိုင်းပဲ မြင့်မြတ်ပါ

မာသာထရီဇာကို အားမကျပါနဲ့

ကိုကိုယ်တိုင် အနစ်နာခံသူကိုပဲ လေးစားပါ

အနစ်နာခံပြီး မြင့်မြတ်ရတာ သူတော်စင်တွေထက်

သာပါရဲ့ကလေးရေ

ဒါကြောင့်လဲ အမေစုဟာ မာသာထရီဇာထက် ပိုလို့

ကမ္ဘာရဲ့မြတ်နိုးချီးမြှင့်မှုကို ခံခဲ့ရတာပေါ့

 

ငါ့ကို သတိရတဲ့အခါ

ငါ့ကို အမှတ်ရမိတဲ့အခါ

ငါ့ရဲ့ ကဗျာစာအုပ်လေးကို လှန်ထားလိုက်ပါ

ဒါမှမဟုတ် ထောင့်နားတစ်နေရာမှာ ငါ့ကိုရှိပေးပါ

 

ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်လို့မရတော့မှန်း

ကြမ္မာစက်ဝိုင်းကြီးက ဖွင့်ဟပြလိုက်ပြီ

တမ်းတနေရယုံပဲ ရှိတော့မှာပေါ့

လေလာတဲ့အခါပျံသန်း၊ တောင်ပံဖြန့်လို့

ငါ ဆိုတဲ့ လူတစ်ယောက်ကို အမှတ်ရပေးစမ်းပါ

 

အချစ်ဆိုတာ

လိင်ဆက်ဆံကြဖို့ပြင်ဆင်တဲ့ ပို့(စ်)မော်ဒန်ဆန်ဆန်

ကစားပွဲတစ်ခုကို ခေါ်တာပေါ့

အသိတရားတွေ မမှောက်မှားမိလိုက်ဖို့ပဲလိုတယ်

လိုအပ်တဲ့အခါ စိတ်ကိုဖွင့်ချပေးလိုက်ပါ

 

တစ်နေ့နေ့တော့

ဆည်းဆာတွေထက်က မိန်းမပျိုလေး ထာဝရ

ငြိမ်းချမ်းပါစေသား

ပြန်ကြုံဆုံကြရပါစေသားကလေးရေ

ညဥ့်ဆိုးဆီမှာ ဆုတောင်းခြွေပေးခဲ့ပြီ

 

မြေရိုင်းတောက အလွမ်းဝေေ၀တွေကို

တစ်ကိုယ်တော် ခြွေခြွေချရင်း ငါ့မှာ

မင်းကို ပိုပိုလွမ်းနေရတယ်

                                    ရွှေကြယ်မိုး

မအားလပ်လို့ ရေးထားသမျှ ကဗျာလေးတွေကို စုပြီး ပေးလိုက်ပါတယ်

 

 

In: ကဗျာ Posted By: Date: Apr 7, 2012
Comment #1

ငါ့ကို သတိရတဲ့အခါ…

ငါ့ကို အမှတ်ရမိတဲ့အခါ…

ငါ့ရဲ့ ကဗျာစာအုပ်လေးကို လှန်ထားလိုက်ပါ…

ဒါမှမဟုတ် ထောင့်နားတစ်နေရာမှာ ငါ့ကိုရှိပေးပါ…

ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်လို့မရတော့မှန်း

ကြမ္မာစက်ဝိုင်းကြီးက ဖွင့်ဟပြလိုက်ပြီ…

တမ်းတနေရယုံပဲ ရှိတော့မှာပေါ့…

လေလာတဲ့အခါပျံသန်း၊ တောင်ပံဖြန့်လို့…

ငါ ဆိုတဲ့ လူတစ်ယောက်ကို အမှတ်ရပေးစမ်းပါ
……………………………………..
ကျွန်တော်နားလည်ခံစားအားပေးသွားပါသည်

commentinfo By: အသဲကွဲ မိုး at Apr 8, 2012
Comment #2

i read this wonderful poem 3 times at one sitting.

commentinfo By: ei lay at Apr 8, 2012
Comment #3

ကောင်းကင်မှောင်မှောင်ကြီးကို မော်ကြည့်ပြီး ဖတ်ရတာ

ရင်ဘတ်သုံးခုစာ မောတယ်ဗျာ

ခင်တဲ့
မိုးသစ် (ခ) မိုးလူ

commentinfo By: Moe Thit at Apr 8, 2012
Comment #4

တစ်နေ့နေ့တော့

ဆည်းဆာတွေထက်က မိန်းမပျိုလေး ထာဝရ

ငြိမ်းချမ်းပါစေသား…

ပြန်ကြုံဆုံကြရပါစေသား…ကလေးရေ

ညဥ့်ဆိုးဆီမှာ ဆုတောင်းခြွေပေးခဲ့ပြီ…

commentinfo By: ChIr0N at Apr 8, 2012
Comment #5

အိုးးးးးးးးးးးအိုးးးးးးးးးးးး.
ကောင်းလိုက်တာငါ့အကိုရာ….
ခံစားအားပေးသွားပါတယ်…

commentinfo By: poem.poem28 at Apr 9, 2012
Comment #6

ကျေးဇူးတင်ပါတယ်ဗျာ
ဒီလို အားပေးမှုတွေကြောင့် အားတက်ရပါတယ်
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Apr 9, 2012
Comment #7

ကလေးရေ…

မင်းကို ချစ်ခဲ့လို့ ငါအခါခါ မုန်းတီးခံခဲ့ရတယ်

မင်းကို ပွေ့ပိုက်ခဲ့လို့ ငါအခါခါ နာကျင်ခဲ့ရတယ်

မင်းကို အသက်ဆက်ပေးခဲ့လို့ ငါအခါခါ ရှင်လျက်နဲ့ သေခဲ့ရတယ်…

commentinfo By: zawthetoo at Apr 10, 2012
Comment #8

ပြန်မရတော့မယ့် အတိတ်အတွက်

အနာဂါတ်မှာ ပင့်သက်တွေနဲ့ ပေါင်းဖက်လို့…

လတ်လတ်ဆက်ဆက်ကို နာကျင်နေရရင်း

ကဗျာဆရာဟာ ကဗျာတွေကို ဖွားမြင်ပေးခဲ့ရဲ့…

commentinfo By: ကံ့ကော်မောင် at Apr 10, 2012
Comment #9

တစ်နေ့နေ့တော့

ဆည်းဆာတွေထက်က မိန်းမပျိုလေး ထာဝရ

ငြိမ်းချမ်းပါစေသား…

ပြန်ကြုံဆုံကြရပါစေသား…ကလေးရေ

ညဥ့်ဆိုးဆီမှာ ဆုတောင်းခြွေပေးခဲ့ပြီ…

commentinfo By: ကံ့ကော်မောင် at Apr 10, 2012
Comment #10

အချစ်ဆိုတာ
လိင်ဆက်ဆံကြဖို့ပြင်ဆင်တဲ့ ပို့(စ်)မော်ဒန်ဆန်ဆန်
ကစားပွဲတစ်ခုကို ခေါ်တာပေါ့…

တစ်ပုဒ်လုံးမှာ အဲဒီစာကြောင်းလေးကို ငြင်းချင်တယ်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Apr 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment