Professional Authors

အရန်သင့်

ပြောခွင့်မရှိတဲ့စကားလုံးတွေ
သံယောဇဉ်ကြိုးနဲ့
လှလှပပသီထားခဲ့တယ် … ။

ဓားတစ်လက်ထက်
စကားတစ်လက်ကို
ပိုကြောက်မိတယ် … ။

ပုလဲမျက်ရည်ထက်
နဂါးမျက်စောင်းကို
မလိုလားဘူး … ။

တိုတောင်းလှတဲ့ဒီဘဝ
အရန်အဖြစ်နဲ့ ပြီးမယ်ဆိုလည်း
ငါကျေနပ်ပါတယ် … ။

In: ကဗျာ Posted By: Date: Apr 27, 2013
Comment #1

ပြောခွင့်မရှိတဲ့စကားလုံးတွေ
သံယောဇဉ်ကြိုးနဲ့
လှလှပပသီထားခဲ့တယ် … ။

commentinfo By: မေပျို at Apr 27, 2013
Comment #2

Wow….
Heart hti twar p.
So sweet

Loafer,,d ta khar ka be har ko kyi p pyan yaee htar Dar le?
Korea,Myanmar,Thai,Chinese?

commentinfo By: ei lay at Apr 28, 2013
Comment #3

အဲ့လိုမျိုးတစ်ဖတ်သတ်အရှုံပေးတာလေးတွေဆိုရင်တော့ကိုယ့်ကိုကိုယ်ကြည့်ပီးရေးထားတာပါ 😀

commentinfo By: loafer at Apr 30, 2013
Comment #4

လူလည်ပဲ

commentinfo By: ei lay at Apr 30, 2013
Comment #5

စကားတခက် ဆို ပိုကောင်းမယ်လို့ ထင်တယ်ဗျ
အကို အကြံပြုတာနော်

commentinfo By: လူစိမ်း at May 3, 2013
Comment #6

ဟုတ်ကဲ့ ပါ အခုလိုအကြံပေးတာကျေးဇူးပါBro
ဒါပေမဲ့ ကျွန်တော်ပြန်မပြင်ချင်ဘူး bro 🙂

commentinfo By: loafer at May 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment