Professional Authors

ကိုရုပ်ဆိုး တေးထပ်

ထိပ်စရာလိပ်ပြာလှုပ်၊

ပြိတ္တာရုပ်သဖွယ်

မဲချက်က ကဲတက်ကြွယ်၊

ကျွဲနက်ကယ် (ကျွဲနက်ဝယ်)မခြား။

ချီး(ချေး)သူဌေး မီးသွေးငိုသည်၊

ကျီးမွှေးကို ရှုံးရတကား။

 

ညစ်ထေးလို့ ပြစ်ထွေးမှောင်တယ်၊

သစ်စေးရောင်အလား။

အနက်တွင် မက်လင်သားပါပဲ၊

မျက်မြင်အားအမှန်။

အမူမှာ ငါးခူကရှုံ့ရ၊

လဒူမုန့် ကျွမ်းသည့်သဏ္ဍာန်။

 

သပိတ်နှင့်ငချိတ်ဆန်လို၊

မနိတ်ဟန်ဆင်ကွဲပ၊

မင်ခဲနှင့် ပုလင်းဖင်လို၊

မဲမှောင်လို့ညို။

မီးလောင်သည့် တုံးငုတ်တိုမှာ၊

ပုံးစုပ်ကို စွပ်ထားသို့လေး။

In: ကဗျာ,ဦးပုည‎ Posted By: Date: Apr 24, 2013
Comment #1

He..he
Thz for sharing

commentinfo By: ei lay at Apr 24, 2013
Comment #2

ဟား…..ကောင်းလိုက်တဲ့ ကဗျာ…. မဖတ်ဖူးသေးတာကြောင့် ကျေးဇူးတင်ပါတယ်ခင်ဗျ

commentinfo By: 13th at Apr 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment