Professional Authors

အငှားရင်ဘတ်ရဲ့ ဒဏ်ရာ

မှတ်လာခဲ့တဲ့မင်း
ခေါင်းထဲမှာငါဆိုတဲ့ အသိဥာဏ်
မြေမြုပ်လိုက်တယ်လား
ဒီထက်အပြင် ပျော်ရွှင်ခြင်းဖိတ်စာတွေ
လက်ကမ်းခဲ့တယ်ဆိုရင်
ငါမရခဲ့တဲ့ မှတ်တမ်းပဲနေမှာပါ
၅၂၈ တွေ ၁၅၀၀ တွေ
လက်ညှိုးထိုးနေမယ့်အစား
မင်းရဲ့ ဦးနှောက်နဲ့ နှလုံးသား တချက်လောက်
ဆက်ပေးပါလား
မင်းရောငါရော ဖျက်ခဲ့တဲ့ ခြံစည်းရိုးလေ
တဖက်နဲ့ တဖက်နှုတ်ဆက်ချင်နေတာလား
ဝေးနေတာမှ လွမ်းတာတွေ
နီးနေမှ ပိုကြေကွဲရတာတွေ
ဆိုလောက်အောင်လည်း
ငါတို့ ၂ယောက် ဘ၀မဆန်ခဲ့ဘူးလေ
ခွက်ထဲကျသွားတဲ့ ပြာတွေနဲ့
မင်း သံယောဇဉ်တွေကို
နှုတ်မယ်ဆိုရင်လည်း
အသံတိတ်လက်နက်တွေမသုံးပါနဲ့လား
(မင်းရင်ဘတ်ထက် ငါ့ရင်ဘတ်ကိုအားနာလို့ပါ)
တူနေလို့ ရောင်းလိုက်တယ်ဆိုရင်ပဲ
ငါဟာ မင်းအတွက်အရောင်းထိုင်းနေအုံးမှာပါ

ap 

In: ကဗျာ Posted By: Date: Apr 13, 2013
Comment #1

မိုက်တယ်
မင်းရောငါရောဖျက်ခဲ့တဲ့ခြံစည်းရိုးလေ …

commentinfo By: မေပျို at Apr 13, 2013
Comment #2

ဟုတ်တယ် မိုက်တယ်

commentinfo By: thit khet at Apr 15, 2013
Comment #3

ဖတ်ရှုအားပေးသွားတာကို ကျေးဇူးတင်ပါသည်

commentinfo By: ap at Apr 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment