Professional Authors

“ စုံ . . လုံး . . ကန်း ”

ဦးဏှောက် တစ်ခု၊ ခေါင်းတစ်လုံး
ပုခုံးနှစ်ဘက်၊ နှလုံးသား တစ်ဖက် နဲ့
အသွင်အပြင် တိုင်း ဟာ လူ့  ပုံမှန် အနေအထား …။

(တစ်)

ခြေနင်းဘက် မှာ အိပ်ဖန်များ တော့
အခြားထက် ပို   သာလို့ ၊ မာ လို့
ကြော ချင် စိတ် က သွေးသားအဖြစ် စီးဆင်းလည်ပတ် …။

လှံစိုက်ရာ ဌာနေ ရှေ့မှောက်
ဦးကျိုး ကာ ဆိုက်ရောက်၊
ပြေး  ပြေး နှိမ့် ပေးခဲ့ရတဲ့ ဘဝမို့  …
အလှ ထက် မာန သာ အရောင်လက်
မျက်စိတစ်လုံး ဆုံး ရင်
တစ်သံသရာလုံးစာ ခြွေမွှ ဖျက်ဆီး ပစ်လိုက်ရမှ
ကြေအေးပေးနိုင်တဲ့ တရား ၊
လက်ကိုင်ထား သုံးစွဲခဲ့သူ

မုဒိတာပွားခြင်း အသိ
မျက်ဝန်းအကြည့်တိုင်းမှာ ကန်းနေခဲ့တယ် …။

 

 

(နှစ်)

အသက်အရွယ် နဲ့ အထွာ မမျှ  
ထမ်းပိုး၊ ပိတ်လှောင် တည်ဆောက်ခဲ့ရသော
နာကျင်ကြေကွဲဖွယ်ရာ ဝေဒနာတံတိုင်း ကို
ဒိုင်း သဖွယ် ကာဆီး၊
ခံစားချက်များ မြိုသိပ် စတေး – ဓားတစ်လက် အဖြစ်
အချွန်ထက်ဆုံး သွေး
ကိုးကွယ် ယုံမှတ် _ ရင် ၀ယ် ပိုက်
အိပ်စက်တိုင်းမှာ အိပ်မက်လှိုင်း ကို လည်း
ကန့်သတ် ဖြိုဖျက် ထားခဲ့တယ် …။

တွေ့ကြုံ / ဆုံရ
တိုက်ပွဲ မှန်သမျှ
အနိုင်/ အရှုံး  ခွဲခြား၊
ဆင်ခြင် ပိုင်းဖြတ်
ရွေးချယ်ဖို့ရာ  လမ်း _ အခင်းအကျင်း မဲ့ ခဲ့ရသူမို့ လည်း


မငြင်း စတမ်း

မရှောင် စတမ်း

လက်မရွံ စတမ်း

လက်မတွန့်  စတမ်း


တစ်ဦးသဘောတူ စည်းမျဉ်းစည်းကမ်းတွေ    ဖောက်
ရဲရဲတောက် … ထူးချွန် _  ပြီးမြောက် အောင် လှမ်းလျောက်ခဲ့တယ် …။

 

ရေဆန်လမ်း ဟာ အမှိုက်သရိုက် တို့နှင့်  ပြည့်နှက်
မိုက်မှန်း မသိ၊ ဒိုက်မှန်း မသိ
တစိုက်မတ်မတ် ဦးတည် ရှေ့ ဆက် ခဲ့တယ် …။


နူးညံ့သိမ်မွေ့ခြင်း _ စကားလုံး ပေါင်းတတ်ရုံသက်သက် ထက်
ပို ထိတွေ့  ဆက်ဆံ ခွင့် မရခဲ့ဘူး …။

(သုံး)

မာကြော၊ ရက်စက်၊ တယူသန်ခြင်းတွေ နှစ်ချို့
အမှန်တရား မကြည့်၊ အမှန်/ အမှား မသိ
လက်ဖမိုး မရှိ၊ လက်ဖဝါး မရှိ
ဒဏ်ရာ အနာတရများကိုသာ ပွေ့ချီ ပိုက်ထွေး _ အတုံ့အလှည့် / ကလဲ့စား ရဲ့
အနက်အဓိပ္ပါယ် ဖွင့်ဆိုပြသ ပေးမယ့်
အရပ်ဒေသတိုင်း ကို ပစ်မှတ်ထား
သိမ်းပိုက် ခြယ်လှယ် ရေး
အထူး ကြိုးပမ်း နေ ဆဲ …။

(ကြုံ/ ဆုံ ခွင့်ရ
တိုက်ပွဲ ခေါ်သံများ ကြား
စာနာခြင်း ဝေးကွာ စစ်သွေးကြွ
တိုက်ခိုက် အနိုင်ယူခဲ့သူ …။

ဘဝ အစိတ်အပိုင်း သုံးပုံ တစ်ပုံ လွန်ချိန်ထိ
ချစ်ခြင်း စကားလည်း နားမလည်တတ်ခဲ့ဘူး)

 

 

(လေး)

တောင်ရောက်/ မြောက်ရောက် ခြေလှမ်းတွေ တုံ့ဆိုင်း
သူမ လက်ပြနေဟန် မှာ
အောင်နိုင်သူ စစ်သူကြီးတယောက်လို
မာန်တက် မှင်သက်နေမိ …။


ရွာတွေ၊ မြို့တွေ / နယ်တွေ၊ မြေတွေ
ချီတက်၊ သိမ်းပိုက်လို စိတ် မရှိတော့ …။


အကျဉ်းသား ဟာ အကျဉ်းချခံရမယ့်  နွံ နေရာ ကို
ဝမ်းသာအားရ ဆိုက်ရောက်လာခဲ့မယ် ..။


(ငါး)

လက်ကောက်ဝတ်ကို ပူးလို့ ချည် ..လှုပ် မရအောင်  သော့ခတ်လိုက်ပါ ..။


အသွားမရောက်ဖို့   ဖဝါးအစုံ ရွေ့ မရအောင် တုတ်နှောင်ထားပါ …။

စိတ်အတွေးတွေ အခြား မလားအောင် ကန့် သတ် ထားပါ …။

နှလုံးသား အား သွေးသားစီးဆင်းရုံမျှ အလုပ်လုပ်စေလို့  ခံစားချက်ကို အပိုင်သိမ်းထားပါ …။

ဒဏ်ခတ်၊ ပိတ်လှောင်၊ နှိပ်စက်၊ အနိုင်ကျင့်
သုံ့ပန်းတစ်ဦး ပမာ ထား _ ဆက်ဆံ၊
ထင်သလို စေစားကာ  
လက်ညှိုး ကို

ရှေ့၊ နောက်/ တောင်၊ မြောက်
ရာသီဥတု
သံလိုက်အိမ်မြှောင်
နက္ခတ်

ထည့်သွင်း၊ တွက်ချက် _ မပြု
ဆန္ဒရှိရာ ညွှန်ကြားပါ ….။

 

ဝါကျစီကာ ဖွဲ့နွဲ့၊  အမိန့် ခြွေချဖို့ 
နှုတ်ခမ်းတော်မြတ် အနေအထား ပျက်မှာ _ စိုးထိတ်လွန်မိ တာမို့
ညွတ်တွားလေပြီး ဖြစ်တဲ့ ဦးခေါင်း ကို မငဲ့ညှာ စတမ်း
ဒူးထောက်ခိုင်းပါ …။

 

(ခြောက်)

စိတ်အချဉ်ပေါက် ကာ ထပ်ပေါင်း လာမယ့်
အဆုံးမဲ့ စေညွှန်ရာတိုင်း အတွက်  
ဖြစ်တည်ခြင်း ကို မျက်နှာလွှဲ
……….
ရဲ ၀ံ့ လိုက် ပါ …။

 

(ခုနှစ်)

လက်နှက်မလို၊ အင်အားမလို
ရွှေစိတ်တော် အလိုကျရင်ဖြင့်
ဝိဥာဉ် မဲ့ ရပ်တန့် 
သတိ ခန္ဒာ မှာ  
အသိ နောင်တ _ နတ္တိ…။

 

 

 

(သုည)

ကျေးဇူးပြု၍ သခင်မ မျက်နှာတော် ထက် အပြုံး တချက် သာ (ရာသက်ပန်) ဆင် မြန်း


တောင်စွယ်၊ နေကွယ် စောင့် ဆိုင်း ရန် မလို အပ် –
သည် လူ ပြာ ကျ ပေး ဖို့ ရန် .  .  . အ . . သင့်…။


( ရက်ပေါင်းများစွာ အာရုံတွင်း အသက်သွင်း ပုံဖော် – စတင်ရေးသားချိန်မှ ပြီးဆုံး အားရ ချိန်ထိ ထိုင်ရာ မှ တစ်လက်မ မျှ မရွေ့ – ညလုံးပေါက် အားစိုက်လွန်းခဲ့ရသော ကဗျာ – ၁၈.၄.၂၀၁၃ ရက်နေ့  _မွေးဖွားသည်)

In: ကဗျာ Posted By: Date: Apr 12, 2013
Comment #1

ကျေနပ် / နှစ်သက် / အားရ / ပျော်ရွှင် စွာဖြင့် ခံစားမှုမျိုးစုံကို တစ်ပြိုင်နက်တည်းဖြစ်ပေါ်စေခဲ့ပါသည်။

ကျေးဇူးအထူးတင်ပါသည်ဗျာ ….. 🙂

あなたを本当に愛してる 🙂

commentinfo By: မာန်ခက်ဝင့် at Apr 12, 2013
Comment #2

ခြေအိပ်ဘက် နင်းဖန်များ တော့
အကြောက သွေးသားစိတ်အဖြစ် သာလို့ မာလို့
အခြားထက် ပို စီးဆင်းလည်ပတ် ချင်
………………….။။။။။။။။။။။။။။။။။။။။။။။။။။။။။

commentinfo By: someone at Apr 13, 2013
Comment #3

ကောင်းလိုက်တာ သဲကွဲမိုး ရေ။

ကောင်းသော နှစ်သစ် ဖြစ်ပါစေ။

commentinfo By: ကံ့ကော်မောင် at Apr 15, 2013
Comment #4

ကျေးဇူးပြု၍သခင်မမျက်နှာတော်ထက် အပြုံးတစ်ချက်သာ (ရာသက်ပန်) ဆင်မြန်း

တောင်စွယ်နေကွယ် စောင့်ဆိုင်းရန်မလိုအပ် သည်လူပြာကျပေးဖို့ရန်…….အ…သင့်

အရမ်းချစ်မိနေပါသည် (ရူးမတတ်ပဲ)

commentinfo By: နွေ at Apr 16, 2013
Comment #5

ဟိုမှာရော ဒီမှာရော အားပေး၏ 🙂

commentinfo By: thit khet at Apr 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment