Professional Authors

နှလုံးသားတစ်ခုရဲ့နောက်ဆုံးဆုတောင်း

အတောင်ကျိုးသွားတဲ့”မာန”က
သူ့ပိုင်ရှင်နဲ့အတူလမ်းဆင်းလျှောက်တယ်
နှစ်ယောက်လုံးတိတ်ဆိတ်စွာနဲ့ပေါ့……..။
မျက်ရည်ဆိုတာ
ဝမ်းနည်းမှုရဲ့သက်သေဆိုရင်
ကဗျာဆိုတာ
ခံစားမှုရဲ့ကျောက်စာချပ်တွေဖြစ်မယ်..။
ငလျှင်မလှုပ်ပေမယ့်
ရင်ဘတ်တစ်ခုလုံး…ပက်ကြားအက်
လူတစ်ကိုယ်လုံးနွမ်းလျ
လေးလံလွန်းတဲ့စိတ်ဓါတ်တွေ
ဒေ၀ဒတ်ရှိရာအရပ်ကိုခုန်အဆင်း
အရှုံးဆိုတဲ့ခဲလုံး
နှလုံးသားတည့်တည့်လာမှန်တယ်
ရင်ခုန်နှုန်းတွေမသေဆုံးခင်
ဆုတစ်ခုတော့တောင်းခဲ့မယ်…….
“ဘ၀ဆက်တိုင်း……မတွေဝေတတ်သူသာဖြစ်ရပါစေသား” ။    ။

In: ကဗျာ Posted By: Date: Apr 10, 2013
Comment #1

Nice

commentinfo By: ei lay at Apr 11, 2013
Comment #2

နှစ်သက်မိ LIKE ……အားပေးလျက်ပါ

commentinfo By: အသဲကွဲမိုး at Apr 11, 2013
Comment #3

ဟုတ်ကဲ့..ကျေးဇူးပါခင်ဗျ..။

commentinfo By: werewolf at Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment