Professional Authors

အမျက်တော်ပြေ – ၂

“ဒီလိုအပြောတွေမကြိုက်ပါဘူးဆိုမှ ” 

 “ဒါဆိုရင်တော့အဆင်မပြေနိုင်ဘူးနော်”

“ဒီနေ့နဲ့ဆို ၃ရက်ရှိပြီ…အဲလိုငိုနေရတာ”

လက်ဖ၀ါးက တပြားမှ မလျော့ သလို လက်ဖမိုးက လည်း အံကြိတ်နေဆဲ

ခွင့်မလွှတ်နိုင်ဘူး ခွင့်မလွှတ် ပါဘူး
စဉ်းစားလေ ကိုယ်မှန်လေပဲ
တယူသန်လွန်းတာ သူ့ဗီဇ

သည်းခံနိုင်စွမ်း ပြဒါးထက်က မှင်နီအမှတ်ကို ကျော်လွန်သွားတဲ့နောက်
ပေါက်ကွဲ ပျက်စီးဖို့ သာ ကြွင်းကျန်ရစ်တဲ့ ခရီးဆုံး ပဲ ပြတ်ပြတ်သားသားရွေးလိုက်ကြတာပေါ့

တယောက်ထဲငိုရမှာ သေချာရင် နှစ်ယောက်အတူ ပျော်ဖို့  ဆိုတာ မဖြစ်နိုင်ဘူး

“အတ္တကြီးတယ်တဲ့ လိုရာဆွဲတွေးတယ်တဲ့ “

ကိုယ့်ကောင်းကွက်ဆိုရင်ကို မသိယောင်ဆောင်နေတတ်တာ သူ့အကျင့်ပဲမဟုတ်လား

ကျောက်သင်ပုန်းမှ အကြီးကြီး သူ့ရင်ဘတ်မှာ တယုတယ ချိတ်ဆွဲ(ကိုယ်) ညစ်ကျယ်ကျယ်နိုင်တဲ့အကြောင်းတွေအပြစ်တွေ ရေးမှတ်ထားဖို့ ဆိုပဲ   (ဖျက်လို့ မရတဲ့ကျောက်တံနဲ့)

ဒါဘယ်နှကြိမ်မြောက်မှန်းကို မသိတော့ဘူး
ဒီလိုပဲ ခ၀ါချချပစ်နေရတဲ့ မာနတွေကအချိန်တန်သူ့ အလိုလို ပြာကျပေးနေကျ

 

မခေါ်မပြော မဆိုး မနွဲ့တော့ ဘူး  ပုံစံကို ပြောင်းကြည့်လိုက်တိုင်း

အဲဒီနှာချေးသံ တရွှတ်ရွှတ်နဲ့ မျက်ဝန်းရည်ကြည်နွေးတို့ က သူ့လက်နက်

ကိုယ့်မှာ တင်းထားသမျှအရည်ပျော်ကျလို့ 

သူ့အနားက ခွာမရခဲ့တာ ….. တဘ၀လုံးစာ ကြာ မြင့် ခဲ့ တယ်

တကယ်
နောက်တခါ ရန်ဖြစ်တဲ့ အခါ

သူ့ အရင်ဦးအောင် အလံဖြူပြလို့  ကြည်ဖြူဖို့  ကိုယ် ကြိုးစားမယ်

( အဆင်ပြေသွားတော့မှပဲ နာရင်းနှစ်ချက်လောက်ရယ်သွမ်းသွေးလျက် တီးလိုက်ဖို့ တော့ ရည်ရွယ်ထားတယ်- သူမရိပ်မိစေရ)

 

In: ကဗျာ Posted By: Date: Apr 8, 2013
Comment #1

မကြီးမိုး ရေ
အရေးအသား အတွေးအခေါ်တွေ
သူများနဲ့မတူကို မတူဘူးဗျ
ကျနော် အားပေးသွားတယ်

commentinfo By: gadounlay at Apr 8, 2013
Comment #2

😛
😛
😛

commentinfo By: ei lay at Apr 8, 2013
Comment #3

မခေါ်မပြော မဆိုး မနွဲ့တော့ ဘူး ပုံစံကို ပြောင်းကြည့်လိုက်တိုင်း

အဲဒီနှာချေးသံ တရွှတ်ရွှတ်နဲ့ မျက်ဝန်းရည်ကြည်နွေးတို့ က သူ့လက်နက် ကိုယ့်မှာ တင်းထားသမျှအရည်ပျော်ကျလို့ 

ဒီလိုနဲ့ပဲ ….. သူ့အနားက ခွာမရခဲ့တာ ….. တဘ၀လုံးစာ ကြာ မြင့် ခဲ့ တယ်

တကယ် နောက်တခါ ရန်ဖြစ်တဲ့ အခါ

သူ့ အရင်ဦးအောင် အလံဖြူပြလို့  ကြည်ဖြူဖို့  ကိုယ် ကြိုးစားမယ်
…………………………………………………………..
ချစ်နေတော့လဲ အမြဲတမ်းအလျော့ပေးနေမိတော့တယ်နော်
အားပေးသွားပါသည်….အသဲကွဲ…

commentinfo By: နွေ at Apr 9, 2013
Comment #4

Miss so much.

commentinfo By: ei lay at Apr 9, 2013
Comment #5

အံတကြိတ်ကြိတ်နဲ့ အားပေးသွားပါတယ်ဗျာ…ဟွင်းဟွင်းးး

commentinfo By: မာန်ခက်ဝင့် at Apr 9, 2013
Comment #6

🙂

commentinfo By: ei lay at Jul 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment