Professional Authors

အလွမ်းFM

ဝေးလိုက်ရတာ
လွမ်းစိတ်ပျပျလေးတောင် မမြင်ရပါဘူး။

ရင်ဝကို လာလာခွပ်တဲ့
မျက်ဝန်းရောင် အမာရွတ်လှလှလေးသာ
ဒိုင်ယာရီရဲ့ စာရွက်အလွတ်မှာ
ကဗျာတွေနဲ့ ညွတ်ကာ ခိုတွဲ
……….ပြီးတော့
တမ်းတစိတ် အညိုအမည်းစွဲနေတဲ့
စကားလုံး အပြိုအလဲတွေမှာလည်း
အနာတရမျက်ရည်တွေ စွတ်ကာ စိုရွှဲလို့။

မျှော်လင့်သံနဲ့ မှိုင်းပျနေတဲ့
တယ်လီဖုန်းထဲက နှောင်ကြိုး အပိုင်းအစတွေဟာ
ဝဋ်နာ ကံနာတစ်ခုလို ရိုင်းကြွ မှုန်သီ
လ အလင်းကန်းနေတဲ့
ညခင်းရဲ့ နှုတ်ခမ်းမှာ လှိုင်းထ တုန်ရီနေပေါ့။

ချစ်သော တောင်တန်းပြာရေ…
အလွမ်းကယောက်ကယက်နဲ့
အနမ်းဟောက်ပက် အနာသစ်တွေကို
ဟော့ဒီ ကဗျာခေတ်ထဲ ထည့်သွင်း ဘောင်ခတ်
ငါ့ရင်ခုန်သံကို အတောင်တပ်ပေးလိုက်ပါပြီ။

ကြားတဲ့ရင် မြင်တဲ့ နှလုံးသားနဲ့
ခံစားရင်း နားစဉ်အိပ်စက်
ချစ်သူအတွက်…
အိပ်မက်နဲ့ လွှင့်တဲ့ ရေဒီယိုအစီအစဉ်
ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်။

In: ကဗျာ Posted By: Date: Apr 6, 2013
Comment #1

ရေဒီယိုအစီအစဉ်ဆက်လွှင့်ရင် ပိုကောင်းမလား ထင်မိတယ်

commentinfo By: မေပျို at Apr 6, 2013
Comment #2

Sweet title with lots of love feelings

commentinfo By: ei lay at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment