Professional Authors

ဒီလောက်ပါပဲ .

အိမ်မက်တွေ ကို
အရောင်တင်ဖို့ ကြိုးစားနေတဲ့
ငါဟာ .. လူအပါ. .
ဘယ် ကျမ်းစာအုပ်မှာပါမှန်းမသိတဲ့
ခံစားချက်မျိုးနဲ့ ချစ်ခြင်းကို
ခံစားနေတဲ့ လူအ က ငါပေါ့ .
မျဉ်းပြိုင် ဆိုတဲ့ ဝေါဟာရကြီးက
ငါတို့ အတွက်ပေါ်လာတယ်လို့ .
တစ်စုံတစ်ယောက် က
မကြားဝံ့ မနာသာအောင် ပြောခဲ့လေရဲ့ 
အင်အားတစ်ခုလောက် ပေးပါ.
မှတ်ဥာဏ်တစ်ချို့ ဖြတ်တောက်ပေးပါ.
လေညင်းတစ်ခု ဖြတ်သန်းဖို့
စမ်းချောင်းတစ်ခု စီးဆင်းခွင့်ပေးပါ.
လုံလောက်သော အတွေးတို့ကို
ချည်နှောင်ခွင့်ပြုပါ. ဒီလောက်ပါပဲ .

In: ကဗျာ Posted By: Date: Mar 30, 2013
Comment #1

အားပေးသွားပါတယ် Bro

အင်အားတစ်ခုလောက် ပေးပါ.
မှတ်ဥာဏ်တစ်ချို့ ဖြတ်တောက်ပေးပါ.
လေညင်းတစ်ခု ဖြတ်သန်းဖို့
စမ်းချောင်းတစ်ခု စီးဆင်းခွင့်ပေးပါ.
လုံလောက်သော အတွေးတို့ကို
ချည်နှောင်ခွင့်ပြုပါ. ဒီလောက်ပါပဲ .

commentinfo By: loafer at Mar 31, 2013
Comment #2

မိုက်တယ် ဒီလောက်ပါပဲ

commentinfo By: မေပျို at Mar 31, 2013
Comment #3

thz bro and sis. xD

commentinfo By: dozet at Mar 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment