Professional Authors

အလွမ်း

စူးရှရှဒဏ်ရာ တွေရဲ့ ထိုးနှက်ချက်
ဒီရင်ဘက်ထဲက နာတယ်

မှေးဆက်အိပ်ရာဝင်ခဲ့ လဲ
အိပ်မပျော်ဘူးချစ်သူ

မျက်လုံးရဲ့ အဖုံးတစ်စုံအောက်

တိုးတိတ်ဝင်ရောက်နေတဲ့ နင့်ပုံရိပ်

ဘယ်လိုအိပ်စက်ခြင်းမျိုးနဲ့  အံတုရမလဲ

ကောင်းကင်ထက်မှာကြယ်တွေစုံနေပြီချစ်သူ

ငါ့ ရင်မှာတော့ အလွမ်းတွေအုံနေလေရဲ့ 

ချစ်သူ နင်ရှိနိုင်မယ်ထင်တဲ့ နေရာတိုင်းကို

ငါအလွမ်းတွေကိုဖြန့် ကျက်လိုက်တယ်

အာကာတံတိုင်းအနှံ့ ပေါ့ 

အရမ်းသတိရတယ်ချစ်သူ
နင်ကော……….
ငါ့ အားသတိမှရပါလေစ
စကားနာထိုးပါရစေ

ဘယ်လိုအိပ်မက်တွေအောက်
ပျော်မွေ့ နင်ရောက်နေမလဲ
ငါ……….
မနာလိုဖြစ်ပါရစေ

ငါ့ ရဲ့ တစ်ညတာအလွမ်းတွေက
တစ်ဘ၀ စာမှတ်တမ်းအတွက်
ချစ်သက်သေပြုလိုက်တယ်
မြတ်နိုးခြင်းများစွာနဲ့ ပေါ့

In: ကဗျာ Posted By: Date: Mar 21, 2013
Comment #1

အိပ်မပျော်ဘူးချစ်သူ
အရမ်းသတိရတယ်ချစ်သူ
နင်ကော ငါ့အားသတိမှရပါလေစ

စိတ်ပူတယ်ချစ်သူ
နင်အဆင်ပြေနေရဲ့လား

စိတ်မချဘူးချစ်သူ
နင့်နံဘေးမှာဘယ်သူတွေရှိနေလဲ

အရမ်းသတိရတယ်ချစ်သူ
နင့်ငါ့ကိုမေ့နေပြီလား

အရမ်းဝမ်းနည်းတယ်ချစ်သူ
နင်ငါ့ကိုဂရုမစိုက်ဘူး

အရမ်းကြေကွဲနေတယ်ချစ်သူ
နင်ငါ့ကိုပစ်ထားရက်တယ်

!-!
!-!
!-!

commentinfo By: ei lay at Mar 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment