Professional Authors

ကျမချစ်တဲ့ လူ (၂)

သူ …

ကျမ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတိုင်းကို

ထောင့်မျိုးစုံကနေ ပေးစွမ်းနိုင်တဲ့ လူ … ။ 

 

 

သူ … 

ကျမ စိတ်ကူးယဉ်ခုန်ဖူးတဲ့ အိပ်မက်တွေကို 

တစ်ခုချင်း လိုက်ဖြည့်ဆည်းပေးနေတဲ့ လူ .. ။ 

 

 

သူ … 

ကျမ ဂျီကျ ဂျစ်တိုက် ဆိုးနွဲ့သမျှတွေကို

အပြုံးလေးတစ်ခုနဲ့ ခွင့်လွှတ်နိုင်တဲ့ လူ … ။ 

 

 

သူ … 

ကျမရဲ့ ကွက်လပ်မှန်သမျှကိုတွေး

တတ်စွမ်းသလောက်ဖြည့်စွက်ပေးနေတဲ့ လူ … .

 

 

သူ … 

ကျမကို အတိတ်ဆိုးတွေထဲက ဆွဲထုတ်

သူနဲ့အတူရှိတဲ့ နေ့ရက်တိုင်းမှာ အတိုင်းမသိ ပျော်ရွှင်စေတဲ့ လူ .. ။

 

 

သူ … 

အရာရာတိုင်းကို ခပ်ပေါ့ပေါ့တွေး .. 

လိုအပ်ရင်ကျ ကျမအတွက်ရယ်လို့ ခေါင်းစဉ်တပ် … လေးနက်တတ်တဲ့ လူ … ။ 

 

 

သူ … 

များပြားလှတဲ့ သူ့ရဲ့ အချိန်ဇယားတွေကြား … 

ကျမအတွက် ‘သီးသန့်’ အချိန်လေးတစ်ခု ချန်ထားပေးတတ်တဲ့ လူ … ။ 

 

 

သူ … 

အရာရာတိုင်းမှ အလိုက်တသိ … 

ကျမ အကြိုက်တွေကို ပြောစရာမလိုပဲ မှတ်သားထားတတ်တဲ့ လူ … ။

 

 

လူ … 

အဲ့ဒိ သူ ပေါ့ ..

ကျမ သိပ်ချစ်ရတဲ့ လူ … ။ 

In: ကဗျာ Posted By: Date: Mar 18, 2013
Comment #1

nice.
🙂

e dar thu ma hote bu.
e dar ei lay pe.
🙂

commentinfo By: ei lay at Mar 18, 2013
Comment #2

သူ … 
ကျမ ဂျီကျ ဂျစ်တိုက် ဆိုးနွဲ့သမျှတွေကို
အပြုံးလေးတစ်ခုနဲ့ ခွင့်လွှတ်နိုင်တဲ့ လူ … ။ 
 ခံစားချက်ချင်းထပ်တူကျလို့အားပေးသွားတယ်နော်

commentinfo By: Phoo mhone at Mar 19, 2013
Comment #3

သူ …

များပြားလှတဲ့ သူ့ရဲ့ အချိန်ဇယားတွေကြား …

ကျမအတွက် ‘သီးသန့်’ အချိန်လေးတစ်ခု ချန်ထားပေးတတ်တဲ့ လူ … ။

commentinfo By: chawchaw at Mar 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment