*ငါချစ်တဲ့ နင် နင်မချစ်တဲ့ ငါ*
ငါချစ်တဲ့ နင် နဲ့ နီးဖို့
 ငါကိုယ်တိုင် လမ်းတွေဖောက်ဖူးတယ်။
 ငါချစ်တဲ့ နင့်ကို
 မစွန့်လွှတ်နိုင်လို့
 ငါနားလည်မှု့တွေပေးခဲ့တယ်
 ငါချစ်တဲ့ နင့် မျက်နှာအလိုကျ
 အလိုက်သိမှု့တွေ ပေးခဲ့တယ်
 ငါချစ်တဲ့ နင်နဲ့
 မဝေးချင်လို့ နင်လိုသမျှ သည်းခံခဲ့တယ်
 ဒါပေမယ့် ငါချစ်တဲ့ နင်က
 ဘယ်တော့များမှ
 ကရုဏာ တောထဲ
 အကြင်နာ ကွင်းပြင်
 နှလုံးသား မြေကွက်တစ်ခုမှာ
 အနမ်း သစ်သ၊ီးတွေ
 စားရမလားလို့
 အချစ်သစ်ပင်တွေ
 စိုက်ပျိုးမိပါတယ်
 အလွမ်းသီးတွေ သီးမှ
 အမှားကြီးမှားခဲ့ပေမဲ့
 အချစ်သစ်ပင်စိုက်ခဲ့လို့
 ဘယ်တော့မှ နောင်တမရခဲ့ပါဘူး
 အချစ်သစ်ပင်ကို
 မေတ္တာတွေ အသိန်းအသန်း
 သစ္စာတွေ ကုဋေကုဋာနဲ့
 တယုတယ အမြဲပေါင်းသင်ခဲ့ပါတယ်
 အနမ်းပန်းတွေ
 ပွင်လာလေမလားဆိုတဲ့
 မျှော်လင့်ချက်ကလေးနဲ့
 အချစ်သစ်ပင်အောက်မှာ ခိုလှုံရင်
 အထီးကျန်မှုကို
 အဖော်ပြုကာ
 အလွမ်းသီချင်းတွေ သီဆိုညည်းတွားနေဆဲ…။
Comment #5
ငါချစ်တဲ့နင် နင်မချစ်တဲ့ငါ တစ်ဖက်သတ်ပေါ့နော် အဲ့တစ်ဖက်သတ်တွေက တော်တော်ခံရခက်တယ်ဗျာ ကဗျာလေးကောင်းတယ် အားပေးသွားပါတယ် ။
 By: X - ray at Sep 7, 2011
                        By: X - ray at Sep 7, 2011
                    Comment #6
:'(
:'(
:'(
 By: ei lay at Oct 16, 2012
                        By: ei lay at Oct 16, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
mike de kwar,,
kyike de,,
kyike de,,