Professional Authors

နင်မသိဘူး

ကို
နင်မသိဘူးနော်
ငါက အရင်ကဒီလိုမဟုတ်ဘူး
ယောကျာင်္းလေးဆန်ဆန်နဲ့
မပြင်မဆင် ပေပေတေတေနေခဲ့တာ
နင်နဲ့တွေ့ပြီးတဲ့နောက်ပိုင်း
နင့်မျက်စိထဲ မှာ ငါအမြဲလှနေချင်တယ်
ပြီးတော့
အမြဲတမ်းချစ်စရာကောင်းနေချင်တယ်
ဒီတော့
ငါ့အရင်ပုံစံကို လုံးဝပြောင်း
ငါ့သူငယ်ချင်းတွေတောင် ငါ့ကိုလှောင်နေကြလောက်အောင်
ငါပြောင်းလဲပေးခဲ့တယ်
မနူးညံ့တတ်တဲ့စိတ်
မခေါ်တတ်တဲ့အခေါ်အဝေါ်နုနုတွေကို
နင့်အလိုကျ
ကြိုးစားခေါ်ပေးခဲ့တယ်
သြော်….
ဘာလိုလိုနဲ့
နင့်ကို ကို လို့မခေါ်ဖြစ်တာ
ငါ တို့နှစ်ယောက် ကျောခိုင်းခဲ့တာတောင်
တနှစ်ပြည်တော့့မယ်နော်..။             ။

In: ကဗျာ Posted By: Date: Mar 15, 2013
Comment #1

😛
hote de naw.
htout khan de.
a chit shi yin hla chin de.
a chit ma shi yin hla le ma hla chin dot bu.
a pyin le ma twar chin bu.
be fris ne hma le ma tway chin bu.
tate tate lae nyein nyein lae 1 yout de pe nay chin de.

commentinfo By: ei lay at Mar 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment