Professional Authors

လူလိမ်

ငါ့ကိုမယုံပါနဲ့!

 

ငါဟာ…

ကျိန်စာနဲ့ အထူးပြုလုပ်ခံထားရတဲ့

လိမ်ညာရေးဝါဒီ ဆူးတစ်ချောင်း

 

ငါဟာ…

နှစ်ရှည်လများ ဖြူခွင့်မရရှာတဲ့

အထီးကျန် သစ္စာပန်း ၀ါဝါ

 

ငါဟာ…

မေတ္တာခေါင်ခေါင် ရင်ဘတ်မှာမှ

ငတ်မွတ်ဆာလောင်စွာတွယ်ကပ်

ကိုယ့်အနာဂတ်ကိုယ် ကိုက်ဖြတ်နေရတဲ့ နွယ်ပင်

 

ငါဟာ…

တောင်းဆုအိုအိုတွေကို စိုက်ပျိုး

ဒဏ္ဍာရီထဲက ကိုယ်တစ်ခြမ်းကိုမှ တိတ်တခိုး ချစ်မိသူ

 

ငါဟာ…

သွေးသံရဲရဲ ဟာသညိုညိုတွေနဲ့

ချစ်သူမျက်နှာ မျက်ရည်မစိုဖို့

အပြံးအရယ်တွေနဲ့ မိုးပြိုတတ်သူ

 

ချစ်သူရေ…

ငါက အဲ့သလိုကံတရားမှိန်မှိန်နဲ့

”မင်းကို မုန်းတယ်”လို့

အော်ဟစ်ကျိန်ဆိုရဲသူပါ။

 

ငါ့ကို မယုံပါနဲ့!။

In: ကဗျာ Posted By: Date: Dec 25, 2012
Comment #1

😉

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment