Professional Authors

ရေရွတ်ရင်း . . ရီ/ရယ်/မောရင်း စက္ကန့်တံတွေပြေးလွှားရင်း

အံ့သြစရာကောင်းတာက တောက်လျှောက် မှား/လွဲ နေတာပဲ

အကယ်ဒမီရှော့ခ်တွေ၊ ရိုက်ချက်တွေ၊ အဝင်(ထွက်)တွေ

ဆိုတော့အားလုံးက academicဖြစ်လား ။

 

စဉ်းစား ။  စဉ်း .  .  စား    သေချာပြန်စဉ်းစားဖို့ပြောရတာ အသံကုန်တယ်

ထားပါ လောလောဆယ်/လတ်တလော တည်တည်တံ့တံ့ဖြစ်တည်မှုတွေ

ပျောက်ရှနေတဲ့အကြောင်းက စပြောရအောင်

လိုလိုမလိုလို နေသားတကျ မှားယွင်းတက်ဖို့ပဲလိုတဲ့

ရှင့်ဦးနှောက်အမှားကြီးအကြောင်းက စပြောရင်ကောင်းမလား

တစ်ပွဲတိုးလိုလို/နှစ်ပွဲစားလိုလို .  . မသိနားမလည်တဲ့မျက်နှာပေးလေးနဲ့

ကလယ်ကလယ်ဖြစ်နေတဲ့ ရှင့်မျက်လုံးလေးတွေက စရင်ရော ။

 

တော်ပါပြီ . . ကျွန်မချစ်ခြင်းမေတ္တာအကြောင်းတော့မပြောတော့ဘူး .  .

ဦးနှောက်ထဲပိုးဝင်နေတဲ့ ရှင့်ချစ်ခြင်းမေတ္တာအကြောင်းလဲ မကြားချင်ဘူး .  . 

 

မပေးတော့ဘူးလို့ပြောတာကို နောက်နေတယ် ထင်လား

လေကုန်မယ့်အကြောင်းပဲလက်ညောင်းအောင်ရေးနေမိတာကိုလည်း ရှင်မုန်းတယ်မဟုတ်လား

မလိုချင်ဘူးလို့ပြောပြောပြီး ချစ်ခြင်းမေတ္တာနဲ့လိင်/လိမ်မှုရေးရာကို မရောထွေးသင့်တာရော တွေးဘူးလား

ရှင်သိလား အချစ်ကြောင့်ကိုက်တဲ့ဗိုင်းရက်စ်က စိတ်မှာအလာ့ဂျစ်ဖြစ်ရင်

အိုင်တီကုထုံးသစ်နဲ့ မျိုးဆက်ခြားလို့ရနိုင်ကောင်းမယ်လို့ရော ရှင်ထင်လား ။

 

ပျော်စရာကောင်းပါတယ် . .

နူးနူးညံ့ညံ့လေးလှုပ်ချလိုက်တာနဲ့ကြွေကျလာတဲ့ သွားရေတမြားမြားနဲ့ ရှင့်မျက်လုံးတွေ

ပျော်စရာသိပ်ကောင်းတာပဲ .  . အရိအရွဲတွေအများကြီး.   . ရှင့်ပါးစပ်မှာပေနေတယ်

ရှင်ကိုက ကော်ဖီတစ်ခွက်လို လူတိုင်းကို သောက်ပါ သောက်ပါလို့ ဆွဲဆောင်နေတာကိုး

။ အကြည့်တွေ .  .  အညုတွေ . .  အချွဲတွေ

တီတီတာတာ . .  တွတ်တီးတွတ်တာ . . ပွတ်ကာသပ်ကာ ။

ဆိုတော့ ကျွန်မထင်တယ်  .  .  ရှင့်ချစ်ခြင်းမေတ္တာမြောင်းပုပ်ကြီးထဲ

လိင်စိတ်တွေပဲ စီးဆင်းနေသလားလို့ ။


 

မိငြိဏ်းခက်

 

In: ကဗျာ Posted By: Date: Mar 6, 2013
Comment #1

ဝါး………တကယ် ပဲနော်…….ကြမ်းတယ်…..( ယောကျာင်္လေးတိုင်းအဲ့လိုကြီးတော့မထင်ဘူးလို့ထင်ပါတယ်….ဟဟ)

commentinfo By: bone lay htet lwint at Mar 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment