အဖေပြောသော ရန်ကုန်
ခြေတစ်ပေါင်ကျိုးကတဲ့..
 မင်းသမီးလေး နေတဲ့တိုင်းပြည်က..
 ရင်ကွဲပက်လက်
 စည်းအထပ်ထပ်နဲ့မြို့…..
 ရခဲ့တဲ့နာမည်က..သူလိုကိုယ်လိုမဟုတ်ဘူး..
 ရာဇ၀င်နဲ့ သမိုင်းနဲ့…
 ရန်အပေါင်းကုန်စင်ကြောင်း..အထိမ်းအမှတ်တဲ့…
 ဒါပေမယ့်..သူ့ရဲ့လက်တွေက…သွေးရေသောက်ခဲ့ဘူးတယ်…
 အရင်ကတော့ 
 ဓားသွားပေါ်က သွေးစက်…
 အခုတော့….မီးစက်တ၀ုန်းဝုန်းကြားက..
 ‘ညီလေး စခန်းခဏလိုက်ခဲ့ပါကွာ..’ခေါ်လိုခေါ်…
 ဧည့်စာရင်း ပုံမှန်တိုင် ပေးနေရတဲ့မြို့…
 သန်းကသိန်းဖြစ်သွား
 ကုန်ဈေးနူန်းတွေများချလိုက်သလား?
 ရွှေကစိန်ဖြစ်သွား
 တန်ဘိုးတွေမြင့်တက်သွားတဲ့မြို့…..
 ၆၂ – ၇၄ – ၇၆ – ၈၈ – ၉၆ – ၂၀၀၇
 ဖုန်းမော်ရဲ့ ဥဒါန်း…
 ခုထိ..ကမ္ဘာမကြေသေးတဲ့မြို့…...
 ဘာပဲဖြစ်ဖြစ်
 နေ့ မနားညမအား….
 အနာဂတ်တွေရှာနေကြ
 အိမ်မက်တွေမက်နေကြ
 မနက်ဖြန်အတွက်…
 လက်ဖက်ရည်ဖိုး ရှာနေရတဲ့မြို့…..
 အဲ့ဒါရန်ကုန်မြို့ပေါ့…
 အဲ့ ရန်ကုန်မှာဘဲ…
 စနေ..တနင်္ဂနွေဆို..
 မန်ယူနဲ့..အာဆင်နယ်နဲ့..ချဲဆီးနဲ့..
 မြန်မာ နဲ့…တိုက်ဂါးနဲ့…အေဘီစီနဲ့...
 အဲ့ ရန်ကုန်မှာဘဲ…
 အမြစ်မဲ့ အောက်ဆီဂျင်စားသုံးသူ…၆ သန်းက
 လဲ ကျတဲ့သူကို   ဖေးကူယောင်ဆောင်ရင်း
 လှောင်ရယ်သံ   ကောက်ပင်တွေကို
 လှံလှလှနဲ့  စိုက်ကုန်ကြပြီ။  
 အဲ့ရန်ကုန်မှာဘဲ….
 ရေမရောထားတဲ့ ရာသီဥတုတွေနဲ့
 အိမ်မက်တွေပွင့်လာတိုင်း..
 ရိတ်သိမ်းတတ်တဲ့..လူတွေက…
 ရိတ်သိမ်း နေကြပြီ။….
 အဲ့..ရန်ကုန်မှာဘဲ…………...
 အဲ့..ရန်ကုန်မှာဘဲ………….…………..
 အဲ့..ရန်ကုန်မှာဘဲ………….…………………….
 အဲ့..ရန်ကုန်မှာဘဲ………….…………………………..
 ကဲ..ရန်ကုန်ရေ….
 နည်းနည်းလောက်လိုက်တိုးပေးပါဗျာ…
 အနောက်မှာ အချောင်ကြီး ရှိသေးတယ်….
 (မောင် အတီး)
 ၁၀.၈.၂၀၁၂
Comment #2
a yann ko laee sarr mi par de.
ba hu tu ta tway a myar shi nay de naw.
sar pae a yann like sarr htar pone pe
a yann ko arr ky
 By: ei lay at Mar 2, 2013
                        By: ei lay at Mar 2, 2013
                    Comment #4
MENT WITH RESPECTS…
 By: 13th at Sep 15, 2013
                        By: 13th at Sep 15, 2013
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ကြိုက်တယ်ဗျာ